25 C
Yangon

ရန်ကုန်တိုက်ကြီးတွင် မိုင်း ၃ လုံးကွဲပြီး စစ်သား ၂ ဦးသေဆုံးဟုဆို၊ မြောက်ဥက္ကလာအပါအဝင် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

ရန်ကုန်တိုင်းတိုင်း၊ တိုက်ကြီးမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် မိုင်း ၃ လုံးပေါက်ကွဲပြီး စစ်သား ၂ ဦးထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

တိုက်ကြီးမြို့ပေါ်၊ ချမ်းမြသာစည်လမ်း အနီး လုံခြုံရေးဂိတ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန် မိုင်း ၃ လုံး ပေါက်ကွဲခြင်းဖြစ်ပြီး စစ်သား ၂ ဦး ထိမှန်ကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။ 

“မိုင်း ၃ လုံးကွဲ စစ်သား ၂ ယောက် နေရာတင်သေဆုံးတယ်လိို့သိရတယ်။ ထိခိုက်ဒဏ်ရာရသူများတယ်။ မနက်၆နာရီဝန်းကျင်ကဖြစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရန်ကုန်တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်မှုများရှိပြီး အရပ်ဝတ်များဖြင့် ကင်းလှည့်မှုများလည်းရှိကြောင်း ၊ ယနေ့ နံနက်ပိုင်း မြောက်ဥက္ကလာပအ၀ိုင်းတွင် ကားလမ်းများကို ပိတ်ဆို့ စစ်ဆေးခဲ့သဖြင့် ကားများ ရာချီ ပိတ်ဆို့ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 

“မြောက်ဥက္ကလာအ၀ိုင်းဘက်မှာ အသွားရော အပြန်ရော ပိတ်ပြီးတော့ ကားတွေပြန်လှည့်ခိုင်းတယ်။ မသင်္ကာတဲ့ကားတွေ စစ်တယ်။ ကားတွေကတော့ တစ်တန်းကြီး ပိတ်နေခဲ့တာ။ အလုပ်အသွားအပြန် အကုန်ဒုက္ခရောက်တာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မြောက်ဥက္ကလာပတွင် ကားများကို ပိတ်ဆို့စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article