ရန်ကုန်၊ ဇန်နဝါရီ ၂၁
အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှုကို အားမပေးဘဲ အသာအယာ လှဲချပြီး တပ်ရင်းများအတွက် သုံးချရန် ရိုးမဖိုက်တာယင်းမာပင်က တိုက်တွန်းလိုက်သည်။
“မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။အသာအယာလှဲချပြီး လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်” ဟု ရိုးမဖိုက်တာ ယင်းမာပင်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝန်း အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်များ ဖြိုချခံနေရပြီး စစ်တပ်ထုတ်ကုန်များမှာလည်း ရောင်းချခွင့်ပိတ်ပင်ခံထားရသည်။