25 C
Yangon

လှိုင်သာယာတွင် အထည်ချုပ်စက်ရုံနှင့် စစ်ကား ၁ စီး ဗုံးခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ကြားရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်မှတ်တိုင်အနီးရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ယနေ့နံနက် ၅ နာရီခွဲတွင် From Zero to Hero အဖွဲ့က လက် လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပေါက်ကွဲသံကြောင့် တပ်ရင်း ၉ ဘက်မှ စစ်ကား ၁ စီး ထွက်ခွာလာခဲ့ပြီး အဆိုပါ စစ်ကားကိုလည်း BOC မီးပွီုင်အနီးတွင် အဝေးထိန်းဗုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ထိမှန်သွားကြောင်း သတင်းရရှိသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းရာသို့ ဆုတ်ခွာနိုင်ကြောင်း from Zero to Hero အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျယ် လောင်သော ပေါက်ကွဲသံ ၂ ခု ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

” အသံက အကျယ်ကြီးပဲ၊ ကားဘီးပေါက်တာ မဟုတ်လောက်ဘူး၊ ဗုံးပေါက်တာ ထင်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၂ ရက် အစောပိုင်း နံနက် ၃ နာရီ ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများ ကြားရကြောင်း မြောက်ဥက္ကလာဒေသခံတစ်ဦးထံမှ သိရသည်။

“အခုမနက် ၃ နာရီ ၅ မိနစ်ကနေ ၃ နာရီ ၈ မိနစ် အထိ မြောက်ဥက္ကလာကနေ သေနတ်သံ ၁၀ ချက်ကျော်လောက်ပစ်သံကြားရတယ်” ဟု ဒေသခံက ပြော သည်။

မြောက်ဥက္ကလာ အခြားဒေသခံ ၁ ဦးကလည်း သေနတ်ပစ်ခတ်သံ အချက် ၂၀ ခန့်ကြားရကြောင်း၊ မြောက်ဥက္ကလာရဲစခန်းက ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article