30.3 C
Yangon

ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့ တနေကုန် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီမှ အများအပြားသေဆုံးပြီး လေကြောင်းမှ ဗုံးကျဲပစ်ခတ်၊ လေထီးဖြင့်လည်း ဆင်းသက်လာမှုများရှိ၊ KNDF လက်ဖြောင့်တပ်သား ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာများတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်သလို လေထီးဖြင့် ဆင်းသက်ခြင်းများလည်း ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

ပြင်းထန်ခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ အများအပြားရှိသဖြင့် ယနေ ၅ နာရီခွဲနှင့် ည ၉ နာရီတို့တွင် လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ KNDF တပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ဒေါရောက်ခူကျေးရွာအုပ်စု၊ ထီးတူးခူကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေထီးတပ်များ ဆင်းသက်ခဲ့ကြောင်း၊ လိုဘာခိုကျေးရွာအနီးတွင် တောင်ငူဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ အဆိုပါ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ရှေ့ဆက်တိုးနိုင်ခြင်းမရှိကြောင်း၊ တိုက်ပွဲအတွင်း KNDF လက်ဖြောင့်တပ်သား ၁ ဦး ကျဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။

ယခင်ရက်များတွင် လွိုင်ကော်မြို့အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ အရပ်သား ၁၅ ဦးထက်မနည်းကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ကရင်နီတပ်ဖွဲ့များက စစ်ဝတ်စုံအပြည့်ဖြင့် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article