25 C
Yangon

ပေါက်မြို့နယ် သစ်ညီနောင်ရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ဝင်ရောက် ဖျက်ဆီးပြီး ရွှေ၊ ငွေ၊ စားသောက်ကုန် ပစ္စည်းများပါ လုယက် ယူဆောင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

မကွေးတိုင်း ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၂ရက်နေ့တွင် ဝင်ရောက် ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ပြည်သူများ ပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ စားသောက်ကုန် ပစ္စည်းများကိုပါ လုယက်ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် တပ်ကုန်း ရွာသစ်၊ ပျဉ်ထောင်၊ ကျောက်ကာ၊ ဒီုးဒတ်ကွင်းရွာမှ သစ်ညီနောင်ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

” ပျူစောထီးနဲ့ စစ်သား အင်အား ၁၅၀ကျော်လောက်ရှိမယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ အိမ်တိုင်ခြေတွေကို လွှနဲ့ဖျက် အိုးခွက်၊ ပန်းကန် ဗီဒိုတွေကို ဖျက်ဆီးပြီး ရွာထဲမှာ တစ်ညအိပ်တယ်။ ရွာထဲမှာရှိတဲ့ ကြက်၊ ဝက်တွေကိုလည်း သတ်စားသွားတယ်။ ရွှေ၊ ငွေ၊ ဆန်၊ ဆီတွေလည်း ယူဆောင်သွားတယ်။ ဒီနေ့ နံနက်၇နာရီ ၃ဝမိနစ်လောက်မှာ ရွာထဲက ပြန်ထွက်သွားတယ်လို့ သိရတယ်”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article