25 C
Yangon

ရန်ကုန်တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ဒေဝဒဟထိပ်ရှိ တိုက်တစ်လုံးကို စစ်တပ်က ပစ်ခတ်ဝင်စီးနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၊ ဒေဝဒဟထိပ်၊ ရတနာလမ်းကြီးအနီးတွင် တိုက်တစ်လုံးကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ပစ်ခတ် ဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်ပြီး  တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၊ ဒေဝဒဟထိပ် ၊ ရတနာလမ်းကြီးဘေးရှိ အထပ်မြင့်တိုက်တာတစ်ခုကို စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်းလျက်ရှိကြောင်း သိရှိရသည်။ 

“အခု တပ်က ဝင်စီးနေ၊ တိုက်ခေါင်မိုးပေါ်တွေမှာ သေနတ်တွေနဲ့ချိန်ထားတာ။ လမ်းတွေအကုန်လုံးလည်း ပိတ်လိုက်ပြီးတော့ ကားတွေလည်း ပြန်လှည့်ခိုင်းနေတယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article