25 C
Yangon

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလေးပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံ စဆောက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄ 

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားတွင် အလေး ပြုခံမည့် ဗိုလ်ရှုခံအဆောက်အအုံကို တည်ဆောက်နေကြောင်း သိရှိရသည်။ 

ဗိုလ်ရှုခံအဆောက်အအုံ တည်ဆောက်သည့်နေရာသည် သမ္မတအိမ်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်း အနီး တွင်ဖြစ်ပြီး လမ်း ၂၀ လမ်းမကြီးဘေးတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဗိုလ်ရှုခံ အဆောက်အအုံ တည်ဆောက်နေသော နေရာကို လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရူးသည့် စရိုက်လက္ခဏာ အပြည့်ရှိနေပြီး ကိုဗစ်ကြောင့် တိုင်းပြည် စီးပွားရေးအထိနာခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ထိုးကျနေချိန်တွင် ငွေကျပ်ဘီလီယံချီ အသုံးပြု၍ ဗိုလ်ရှုခံ အဆောက်အအုံ နှင့် အလေးပြုခံရန် စီစဉ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။ 

ဓာတ်ပုံ- ဗိုလ်ရှုခံ အဆောက်အအုံ တည်ဆောက်နေသည့်မြေပုံနှင့် မင်းအောင်လှိုင် အလေးပြုခံချိန် လှည့်လည်ကြမည့် အလှပြကားများ တည်ဆောက်နေသည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article