25 C
Yangon

ဒီးမော့ဆို၊ ဟိုဖိတ်နှင့် စိုက်ကွင်း ၂ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ၁၀ နာရီကြာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူပိုင်နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင်း ၂ ကျေးရွာများဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် တွင် ၁၀ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်က အများပြည်သူနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်။

နှစ်ဖက်တိုက်ပွဲသည် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြာမြင့်ခဲ့ပြီး  စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း၊ ဟိုဖိတ်နှင့် သပြေတောကျေးရွာများမှ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်တွင်လည်း ဟိုဖိတ်နှင့် သပြေတောကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ပိတ်မိနေသည့် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNDF က ရေးသားထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article