29 C
Yangon

ရွှေဘိုတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးပြီးနောက် ရွာစိုးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့၊ မသန်စွမ်းသူ အပါအဝင် ရွာသားနှစ်ဦးကို ပစ်သတ်

Must read

ရန်ကုန် ၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင် ယနေ့ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးပြီးနောက် ရွာစိုးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့နေကာ မသန်စွမ်းသူ အပါအဝင် ရွာသားနှစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။ 

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ရွာစိုးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း အင်အား ၂၀၀ ခန့် လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ်ပြီး  ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ နံနက် ၈ နာရီအချိန်ခန့်တွင် ဝင်ရောက်လာကာ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးကာ မသန်စွမ်းသူ အပါအဝင် ပြည်သူ ၂ ဦးကို ပစ်သတ်ကြောင်း၊ လက်ရှိအချိန်တွင် ရွာစိုးရွာကို ရွာလုံးကျွတ်မီးရှို့နေကြောင်း ထွက်ပြေးနေရသည့် ရွာသားများက ပြောဆိုသည်။ 

“တွေ့သမျှ လူ အကုန်ဖမ်းတွင် ၇၀ လောက်မိတယ်။ ရွာကို ဝင်မွှေပြီး ရွာသား ၂ ဦးကို သတ်ပြီး တစ်ရွာလုံးကို မီးရှို့နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ 

အသတ်ခံရသူ နှစ်ဦးမှာ ကိုမောင်ညိုနှင့် ကိုငနွားတို့ ဖြစ်ကြပြီး ကိုငနွားမှာ မသန်စွမ်းသူ တစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ဖမ်ဆီးခံရတချို့ကို တစ်ရွာလုံးကို မီးရှို့မှာ ဟု ပြောဆိုကာ ပြန်လွှတ်ပေးကြောင်း ဒေသခံများက ပြောဆိုသည်။ 

“ဖမ်းထားတဲ့ လူတွေကို ခင်ဗျားတို့ ရွာကို မီးရှို့မှာ ၊ တစ်နာရီအတွင်း လိုချင်တာ ယူပြီး ပြေးခိုင်းတယ်။ ဘာမှ သေချာမယူနိုင်ဘူး ။ တချို့ကလည်း ဘာမှ မယူတော့ဘဲ လူလွတ်ပြေးကြတာ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ 

အကြမ်းဖက် စစ်ကောင်စီ တပ်များသည် ရွာစိုးရွာနှင့် ဇီးဖြူကုန်းရွာကြားတွင် တပ်စွဲထားပြီး ရွာစိုးရွာကို တစ် နေကုန် မီးရှို့နေခြင်းဖြစ်သည်။ 

ရွာစိုးရွာမှာ လက်ရှိအချိန်ထိ မီးငြိမ်းသွားခြင်းမရှိဘဲ မီးလောင်ကျွမ်းနေခြင်းဖြစ်သည်။

ယနေ့ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်  အကြမ်းဖက်စစ်တပ်မှ စစ် အင်အား ၁၅၀ ကျော်ဖြင့်

ရွှေ ဘို မြို့နယ် သီလုံး-ဇီးဖြူကုန်းရွာဖက်မှထွက်ခွာလာပြီး ရွာဆိုး-ပေါက်ချိုင်-သပြေကန် -ထူးကြီး-တည်ပင် ဘက်ကို စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ယနေ့နံနက်တိုက်ပွဲတွင် စစ်သား ၁၀ ဦး သေဆုံး၍  ရွာစိုးရွာကို မီးဝင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article