29 C
Yangon

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များ တိုက်ခိုက်ခံရပြီး သုံးပွင့် ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမှ ဆန်တက်လာသော အကြမ်းဖက် စစ် ကောင် စီ၏ ထောက်ပို့ရေယာဉ်များကို ဒေသကာကွယ်ရေးမဟာမိတ် အဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် ကနီမြို့နယ် မုဌောရွာနှင့် ညောင်ပင်ဝန်းရွာကြား၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးပွင့်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက ရေကြောင်းမှာ ဖြစ်တာပါဗျ၊ အားလုံးပေါင်း ရေယာဉ် ၉ စီးပါ၊ တိုက်ပွဲက ၂၂ ရက်နေ့ခင်းလောက်ကတည်းက ပစ်နေကြတာ၊ ညဖက်လည် းပစ်တယ်။ ညဖက်ဆိုတော့ အထိအခိုက်မသိရဘူး။ ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ပစ်တဲ့ပွဲမှာ စစ်ခွေးဘက်က ၃ ပွင့်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေတယ်ဆိုတာ ကျနော်တို့ သတင်းရင်းမြစ်ကနေ အတည်ပြု လို့ရပါတယ်” ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး) ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များကို ကနီ PDF (ကျောက်လုံးကြီး)၊ MPDF, Golden Triangle Forces, M&K The Boys မဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – ဒီဇင်ဘာလအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရပြီး ကမ်းကပ်ရပ်နားထားသော စစ်ကောင်စီ ရေယာဉ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article