30 C
Yangon

သထုံမြို့နယ်၊ မိုးကောင်း- ပုတိမ်ရိုး ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် ပုတိမ်ရိုးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နှင့် PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KNLA တပ်ရင်း ၂ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်သို့ ၁၀ မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကားလမ်းနံဘေးရှိ နေအိမ် ၁ အိမ်မှ ကလေးငယ် ၁ ဦး ခြေထောက် ကျည်ဆံထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article