ရန်ကုန်၊ ဇန်နဝါရီ ၂၅
မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို လက် နက် များ ဝယ်ယူရန် ပံ့ပိုးနေသော လုပ်ငန်းရှင် ၉ ဦး၏ အမည်စာရင်းကို အမျိုး သားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပြီး အဆိုပါ လုပ်ငန်းရှင် ၉ ဦးသည် ရာဇဝတ်မှုကျူးလွန်သော အကြမ်းဖက်အားပေးထောက်ခံသူများ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်စစ်တပ်ကို ထောက်ခံအားပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူများမှာ
၁- ဦးအေးကို – AK ကုမ္ပဏီအုပ်စု၊ Family Aye Ko ဆောက်လုပ်ရေး၊ A.K Construction & Industry၊ Clarity Construction & Trading နှင့် Axiom Mandalay High Way Construction ကုမ္ပဏီ
၂-ဒေါက်တာနိုင်ထွဋ်အောင် – International Gateway Group of Company Limited
၃- ဒေါက်တာအောင်မိုးမြင့် – Dynasty Group Of Companies
၄- ဦးစစ်တိုင်းအောင် – Suntac ကုမ္ပဏီအုပ်စု၊ Yatanarpon Aviation Support
၅- ဦးထွန်းလှိုင်- STE Global Trading ကုမ္ပဏီ
၆- ဂျောနသန်ကျော်သောင်း- KT Group and Ky-Tha Group
၇- ဦးအောင်လှိုင်ဦး – MCM ကုမ္ပဏီ အုပ်စု
၈- ဦးတေဇ -ထူးကုမ္ပဏီအုပ်စု
၉- ဦးဇော်ဝင်းဦး Trident Marine Co.Ltd တို့ဖြစ်ကြောင်း သိရှိရသည်။