38 C
Yangon

ခင်ဦးတွင် စစ်ကောင်စီ တပ်စွဲထားသော စခန်း ၁ခု တိုက်ခိုက်ခံရပြီး စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၅ဦးနှင့် သပိတ်ကျင်းတွင် ၁ဦး သတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် မကျီးတုံကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ စခန်းတစ်ခုကို ခင်ဦး ပကဖ နှင့် ခရိုင် တပ်ရင်း(၃) ခင်ဦး PDF တပ်ဖွဲ့တို့ပူးပေါင်းကာ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ  မကျီးတုံကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းကို စစ်တပ်က သရက်ကန်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို သွားရောက် ဖျက်ဆီးနေစဉ် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ခင်ဦးမြို့နယ် အောင်မဂ်လာရပ်ကွက်တွင် နေထိုင်သော မြို့ပေါ်ရပ်ကွက်များရှိ CDM ဝန်ထမ်းများ၊ တော်လှန်ရေး အင်အားစုများနှင့် မြို့ပေါ်ရှိ တော်လှန်ရေးအဖွဲ့ ထောက်ပို့များ၏ သတင်းများ စုံစမ်းကာ စစ်တပ်ကို သတင်းပေးပို့နေသည့် အသက် ၄ဝနှစ် ငြိမ်းချမ်းဆိုသူကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခင်ဦး မြို့မဈေး၌ နယ်မြေခံ ကာကွယ်ရေး အဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

အလားတူ ခင်ဦးလမ်းဆုံရှိ စစ်ကောင်စီ ဒေါက်တိုင် ရွှေလဒ်ကောင် ကုန်မာဆိုင်မှ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသော

ဝေသင်း လင်မယားကို နယ်မြေခံ ကာကွယ်ရေး အဖွဲ့က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာတွင်လည်း တော်လှန်ရေး အင်အားစုများကို သတင်း ထောက်လှမ်းနေသူသော စစ်တပ် သတင်းပေး ဂျာလင်း (ခ) မြလင်းနှင့် ပျူစောထီး သင်တန်းဆင်းလာသူ ရဲနိုင်ဦးတို့ကို နယ်မြေခံကာကွယ်ရေးအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။ 

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သန်းထွန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၉နာရီခန့်က ဗိုလ်လင်းယုန်အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။    

အဆိုပါ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သန်းထွန်းသည် ဝဲဘက် ရင်ဘက် နှင့် ယာဘက် ရင်ဘက်တို့တွင် သေနတ်ဒဏ်ရာ ၃ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ သေဆုံးသူသည် စစ်တပ်နှင့် ပူးပေါင်းပြီး ရွှေလုပ်ကွက်နှင့် ရွှေကုမ္ပဏီများထံ အတင်းအဓမ္မအခွန် ကောက်ခံ နေသူဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article