25 C
Yangon

ဖောင်းပြင်မှာ  ရဲစခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်စီးနင်းပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ထုတ်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၂ ရက် တစ်နေ့တည်းမှာ ရဲစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ကာ သိမ်းဆည်းမိရတဲ့ လက်နက်ခဲယမ်းတွေကို NUG ပြန်ကြားရေး PVTV က ထုတ်ပြန်လိုက်ပါတယ်။ 

ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းရဲစခန်းနဲ့ ရေအောက်တောင်းရဲစခန်းတို့ကို ဇန်နဝါရီ ၂၂ ရက်မွန်းလွဲ ၃ နာရီအချိန်က ဖောင်းပြင် PDF အဖွဲ့နဲ့ ဖောင်းပြင်မြို့နယ် ပကဖတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊  အဆိုပါ စခန်း ၂  ခုမှ G3 – ၇ လက် ၊ အူဇီ ၂ လက်  ရှော့ဂန်း ၁ လက်၊  ခြောက်လုံးပြူး ၁လက် ၊  ၅ ဒသမ ၅၆ ကျည် ၂၂၄တောင့် ၊ ၇ ဒသမ ၆၂ ကျည်  ကျည် ၁၂၁၀တောင့် ၊  ၉ မမ ကျည် ၅၀၉ ၊ ရှော့ဂန်းကျည် ၂ တောင့်၊  ကျည်အိမ် ၁၆ ခု ၊ လက်ကိုင်ဖုန်း ၁၂ လုံး၊  ကွန်ပျူတာ ၂ လုံး(laptop) ၊ စကားပြောစက် ၂လုံး ၊ အင်ဗာတာ ၁ လုံး ၊ လက်ထိပ် ၅ စုံ ၊ ဓားရှည် ၁ လက် ၊  ငွေသား ၂,၁၂၅,၀၀၀ ၊ အင်္ကျီ ၁ ထည် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း PVTV သတင်းအရ သိရှိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article