28 C
Yangon

မြင်းမူနှင့်ထီးချိုင့်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံး၊ ကလေးမြို့တွင် တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့်ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် အိမ်စီးကား ၂စီးကို အသုံးပြု၍  စစ်ကိုင်းဘက်မှ မုံရွာသို့ ဦးတည်လာသော ကား ၂ စီးကို  People’s  Defence Force Myinmu- MMUPDF က ဦးဆောင်သည့် မဟာမိတ် ၅ ဖွဲ့က ထီးဆောင်းကျေးရွာနှင့် ကန်ဖျား ဇရပ်ကြားတွင် မိုင်းဆွဲတ်ိုက်ခိုက်ခဲ့ရာကား၂စီးလုံး ထိခိုက်ခဲ့ပြီး တစ်စီးမှာ လုံးဝပျက်စီးခဲ့ကြောင်း၊ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာနှင့် ကြက်သရေချောင်ရွာကြားတွင် ယနေ့ နံနက် ၃ နာရီခွဲအချိန် ကချင်ပြည်နယ်သို့တက်မည့် စစ်ကား ၃၀ ကျော်ကို ဒေသခံ ပကဖလက်ရွေးစင်နှင့်KIA၊ PDF တို့က ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာများဖက်သို့ ရမ်း၍ လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာ  ရွာသစ်ကုန်း လမ်းဘေးအိမ်ရှိ အရပ်သားပြည်သူတစ်ဦးကို ကျည်ထိမှန်ကြောင်း ၊ မိုင်းထိသော စစ်ကားများ ကျေးရွာများဘက်သို့ ဖြတ်သန်းချိန်တွင်  အော်ဟစ်ညည်းငိုယိုသံများကြားရကြောင်း ဒေသမြေပြင် ကင်းထောက်အဖွဲ့များ၏ သတင်းရေးသားဖော်ပြမှုအရ သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်း “ကလေးမြို့ နှင့် ခမ်းပါတ်မြို့” အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တမူးမြို့ရှိဝန်ထမ်းများအတွက် လစာထုတ်ယူပြီး ကလေးမြို့သို့ စစ်တပ် ဆင်းလာသည်ကို သိရှိရသဖြင့်  Kalay PDF ရင်း(၃) ခွဲ(၂) အဖွဲ့နှင့် ZDF အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အိမ်စီးကား ၅ စီးဖြင့် မောင်းနှင်းလာသောစစ်ခွေးယာဉ်တန်းကို ကျွန်းတောရေရှင်ရွာ နှင့် ဘုရားရေရှင်ရွာအကြား အရောက်တွင် မိုင်းဆွဲပစ်လိုက်ရာ စစ်သား ၆ ဦးကို သေဆုံးခဲ့ကြောင်း၊  စစ်သားတချို့လည်းဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ZDF အဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ- မန္တလေးတွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့။ 

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article