28 C
Yangon

ဩစတြေးလျ Woodside စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံမှ လုပ်ငန်းများ ရပ် ဆိုင်း ထွက်ခွာမည်ဟုကြေညာ၊ အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီ ၏ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် မပတ်သက်ရန် သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇ 

မြန်မာနိုင်ငံရှိ A-6 သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကွက်တွင် ရင်းနှီးမြှုပ် နှံထားသော ဩစတြေးလျ Woodside Petroleum ကုမ္ပဏီက မြန်မာနိုင်ငံမှ လုပ်ငန်းများ အားလုံးရပ်ဆိုင်း ထွက်ခွာမည်ဖြစ်ကြောင်း တရားဝင် ထုတ် ပြန်ကြေညာသည်။ 

Woodside Petroleum Ltd က အာဏာသိမ်းမှုအပြီး တစ်နှစ်နီးပါးအကြာ ဆိုးရွားလာနေသော လူ့အခွင့် အရေးအခြေအနေများကြောင့် လုပ်ငန်းများမှ ရုပ်သိမ်းပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာသည်။ 

သြစတြေးလျ သဘာဝဓာတ်ငွေ့ကုမ္ပဏီ Woodside သည် A-6 ရေနံလုပ်ကွက်တွင် စစ်ကောင်စီ၏ MOGE ၊   China National Petroleum Corp နှင့် Total ကုမ္ပဏီများနှင့်အတူ ရင်းနှီးမြှုပ်နှံလျက်ရှိရာမှ နုတ်ထွက်သွားမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ 

ယင်းသို့ နုတ်ထွက်မှုကြောင့်  ၂၀၂၁ ဘဏ္ဍာနှစ် အသားတင်အမြတ်ကို အမေရိကန်ဒေါ်လာ ၁၃၈ သန်းခန့် နှင့် ရေနံလုပ်ကွက်အတွက် ရင်းနှီးမြုနှံငွေ  အမေရိကန်ဒေါ်လာ ၇၁ သန်းဆုံးရှုံးမည်ဖြစ်ကြောင်း သိရှိရသည်။ 

Woodside သည် မြန်မာပြည်သူများအတွက် အလွန်လိုအပ်သော စွမ်းအင်များ ပေးဆောင်ရန် မျှော်လင့်ထားသော်လည်း Woodside သည် ၎င်း၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်  ရွေးချယ်စရာမရှိတော့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ 

အခြားတစ်ဖက်တွင်လည်း  မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ ဒီမိုကရေစီဖြစ်စဉ်များကို တားဆီးမှု ပြုလုပ်နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်မှုမရှိစေရေး သတိထားကြရန်  အမေရိကန်အစိုးရက ဇန်နဝါရီလ ၂၆ ရက်နေ့ သတိပေးချက် တစ်ရပ် ထုတ်ပြန်သည်။ 

အမေရိကန်နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေးဌာန၊ လုပ်သားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးများ ပူးပေါင်းပြီး ထုတ်ပြန်လိုက်သည့် အဆိုပါ သတိပေးချက်တွင် အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့်  မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို တားဆီး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပတ်သက်မှုမရှိစေရန် ဂရုပြုကြစေရန် သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article