32 C
Yangon

ခမရ ၆၄၂ မှ တပ်သား မျိုးလွင်ဦး KNU တပ်မဟာ ၅ ထံတွင် အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် လာရောက် အခြေချနေသော စစ်ကောင်စီ၏ ခမရ ၆၄၂ မှ တပ်သား မျိုးလွင်ဦးသည် စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များကို မနှစ်သက်တော့သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ထံတွင် လာရောက် အလင်းဝင်ခဲ့ကြောင်း KNU တပ်မဟာ ၅ က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ရာနေရာများသို့ အလင်းဝင်ရောက်လာသူ ၄၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများ အရ သိရသည်။

အဆိုပါ လက်နက်ချဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNLA အမှတ် ၅ တပ်မဟာမှ ပျူငှာစွာ လက်ခံကြိုဆိုထားကြောင်း၊ လက်နက်ချအလင်းဝင်လာသူများ အိမ်ပြန်ချင်သည်ဖြစ်စေ KNLA တွင် နေထိုင်လိုလျှင်ဖြစ်စေ အတတ်နိုင်ဆုံး စီစဉ်ပေးကြောင်း၊ KNLA အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ကေအဲန်ယူ-မူကြော် သတင်းစဉ်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် KNLA အမှတ် ၅ တပ်မဟာလက်အောက်ရှိ ဒေသကာကွယ် ရေးတပ်များသည် လက်နက်ချ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြည်ဖြူစွာ လက်ခံကျွေးမွေးစောင့်ရှောက်လျက်ရှိကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ထားသည်။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article