25 C
Yangon

“အရာရှိတွေက မညှာမတာခိုင်းတယ်၊ အဆင်မပြေရင် ပါးရိုက်၊ ဆောင့်ကန်၊ လက်သီးနဲ့ ထိုးတယ်။ အစာ ရေစာ ကျတော့ ဝ အောင် မကျွေးဘူး” ဟု KNU ထံအလင်းဝင်လာသည့် ခလရ ၇၃  တပ်သား တိုးလှိုင် ဖွင့်ဟ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၇၃ မှ တပ်သား တိုးလှိုင်သည်  အထက်အရာရှိမှ ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာပြီး KNU ထံ လာရောက် အလင်းဝင်ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ကိုယ်ပိုင်အမှတ် တ-၅၄၈၂၁၈၊ အသက် ၂၃ နှစ်အရွယ် တပ်သား တိုးလှိုင်သည် တောင်ငူအခြေစိုက် ခလရ ၇၃ မှ တပ်သားဖြစ်ပြီး စစ်သက် ၄ နှစ်ရှိကြောင်း၊ လက်ရှိတွင် တာဝန်ထမ်းဆောင်နေသော လွယ်မူစခန်းမှ ထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။

“အရာရှိတွေက မညှာမတာခိုင်းတယ်၊ အဆင်မပြေရင် ပါးရိုက်၊ ဆောင့်ကန်၊ လက်သီးနဲ့ထိုးတယ်။ အစာရေစာကျတော့ ဝ အောင် မကျွေးဘူး။ ဟင်းဆို လုံးဝ မပါဘူး။ ဆီ ဆားလည်း မပါဘူး၊ တစ်ရက်ကို ဆန် ၁ ဗူးပဲ ကျွေးတယ်။ ရေဆိုလည်း  စစ်ရေဗူးနဲ့ ၁ ဗူးပဲ သောက်ရတယ်။ ဒီတပ်ထဲမှာ လုံးဝမနေချင်တော့လို့၊ မိဘကိုလည်း လုပ်ကျွေးချင်လို့ ထွက်ပြေးလာတာ” ဟု တပ်သား တိုးလှိုင်က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြား နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေပြီး KNLA တပ်ဖွဲ့များ၏ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားမှုကြောင့် စစ်ကောင်စီ ရှေ့တန်းစခန်းများတွင် ရိက္ခာပြတ်လတ်မှုများ၊ နေ့စဉ်နီးပါး တိုက်ခိုက်ခံရမှုကြောင့် အောက်ခြေတပ်သားများ မကြာခဏဆိုသလို KNU ထံ ထွက်ပြေးလာကြပြီး လက်ရှိအချိန်ထိ အလင်းဝင်လာသူ စစ်ကောင်စီ တပ်သား ၅၁ ဦး ရှိပြီဖြစ်ကြောင်း KNU တပ်မဟာ ၅ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article