ရန်ကုန်၊ ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ KIA ၊ PDF နှင့် NUG ထောက်ခံရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၅ လ ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကောင်စီ ကန့်ကွက် ပွဲနှင့် KIA PDF NUG ထောက်ခံပွဲပြုလုပ်သည်။ ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့ အစိုးရ ၊ အင်တာနက် ဖြတ်တဲ့ စစ်ကောင်စီတွေ အသေဆိုးနဲ့သေပါသေ ၊ အင်တာနက် ဖြတ်တဲ့ မင်းအောင်လှိုင် အသေဆိုး နဲ့သေပါစေ ၊ Stop internet shut down Hpakant ၊ အကြမ်းဖက် လူသတ် စစ်ကောင်စီ အလိုမရှိ၊ နွေဉီးတော် လှန်ရေး အရေးတော်ပုံအောင်ကို အောင်ရမည် ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ခဲ့ကြသည် ။ဖားကန့် ဒေသကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှ ယနေ့ချိန်အထိ ၅ လတိုင် အင်တာနက် ဖြတ်တောက်ထားသည်။
![](https://yktnews.com/wp-content/uploads/2022/01/1-20-1024x463.jpg)
![](https://yktnews.com/wp-content/uploads/2022/01/2-10-1024x462.jpg)
![](https://yktnews.com/wp-content/uploads/2022/01/3-9-1024x463.jpg)
![](https://yktnews.com/wp-content/uploads/2022/01/4-9-1024x463.jpg)
![](https://yktnews.com/wp-content/uploads/2022/01/5-9-1024x463.jpg)
![](https://yktnews.com/wp-content/uploads/2022/01/6-5-1024x463.jpg)
![](https://yktnews.com/wp-content/uploads/2022/01/7-3-1024x463.jpg)
![](https://yktnews.com/wp-content/uploads/2022/01/8-3-1024x462.jpg)