32 C
Yangon

KNU တပ်မဟာ ၂ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၄၁၁ တပ်နှင့် သံတောင်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၂၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်အခြေစိုက် ခမရ ၄၁၁ တပ်ရင်းနှင့် သံတောင်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ NTDF ကြား ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း NTDF က သတင်းထုတ်ပြန်သည်။သံတောင်ကြီးမြို့နယ်၊ ကျွဲကျလေးကျေးရွာနှင့် မင်းလမ်းတောင်ကျေးရွာကြားတွင် အင်အား ၈၀ ခန့်ရှိသော ခမရ ၄၁၁ တပ်ဖွဲ့၊ ရှင်မတောင်တပ်စခန်းမှ တပ်ဖွဲ့တို့နှင့် ဦးကိုကြီး ဦးဆောင်သော NTDF တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှင်မတောင်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးသဖြင့် မင်းလမ်းတောင်ကျေးရွာရှိ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ဇန်နဝါရီလ ၂၀ ရက်တွင်လည်း NTDF လှုပ်ရှားနယ်မြေအတွင်းသို့ CDM သမားများ၊ PDF များကို ရှာဖွေရန်အကြောင်းပြချက်ဖြင့် NTDF လှုပ်ရှားနယ်မြေသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် TNDF တပ်ဖွဲ့ကြား ဇန်နဝါရီလ ၂၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း NTDF က ဆိုသည်။ဦးကိုကြီး ဦးဆောင်သော သံတောင်မြောက်ပိုင်း အထူးတပ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ကာ မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့သော အဖွဲ့ ၁ ခုဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက မတရား အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက်နေသော တပ်ဖွဲ့ ၁ ခု ဖြစ်သည်။

ဓါတ်ပုံ – NTDF သံတောင်မြောက်ပိုင်း တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article