28 C
Yangon

ရန်ကုန်သန်လျင်မြို့နယ်ရှိ စစ်တပ်နှင့်ဆက်နွယ်နေသော Denko ဆီဆိုင် ဗုံးခွဲခံရ၊ အင်းစိန်ထောင်ဝင်ပေါက်တွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်တပ်နှင့်ဆက်နွယ်နေသော Denko ဆီဆိုင် ဗုံးခွဲခံရပြီး လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသော Denkoဆီဆိုင်ကို ယနေ့ ဇန် နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် သန်လျင်မြေအောက်ပျောက်ကျားအဖွဲ့က ဗိုလ်နဂါးအဖွဲ့နှင့်ပူးပေါင်း၍ ဖောက်ခွဲခဲ့ကြောင်း သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံမှသိရှိရသည်။

“လူထိခိုက်မှုမရှိဘူး။ ဖောက်ခွဲမှုဖြစ်တာတော့ဟုတ်တယ်” ဟု သန်လျင်တော်လှန်ရေး ဦးဆောင်လူငယ်တစ်ဦးကပြောသည်။

Denko ဆီဆိုင်နှင့် မြတ်မေတ္တာမွန်ဆီဆိုင်တို့သည် စစ်ကောင်စီအတွက် စက်သုံးဆီများထောက်ပံ့ခြင်း၊ စက်သုံးဆီများ တင်သွင်းပေးခြင်းအပါအဝင် စီးပွားရေးဆက်နွယ်လုပ်ကိုင်နေခြင်းများရှိနေကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် အင်းစိန်မြိုနယ်၊ ရွာမအရှေ့ရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်း၊ အကျဉ်းဦးစီးဌာနဝင်ထွက်ပေါက်အနီးတွင်မိုင်းပေါက်ကွဲကြောင်း သိရှိရသည်။

“အဝေးထိန်းမိုင်းပေါက်တာ။ အသံအရမ်းကျယ်ပါတယ်။ လူအသွားအလာမရှိဘူး အဲဒီဘက်က လမ်းဘေးခြုံထဲကနေ ပေါက်တာ။ စစ်းဆေးတာတော့ရှိတယ်” ဟု အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓာတ်ပုံ- သန်လျင်Denko ဆီဆိုင်(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article