ရန်ကုန်၊ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်များနှင့်ဒေသကာကွယ်ရေးတပ်များ ယနေ့နံနက်ပိုင်း ၆ နာရီကျော်မှစတင် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကျဲနေကြောင်း ဒေသခံများထံမှ သိရှိရသည်။”မနက် ၆ နာရီကျော်ကတည်းက တိုက်ပွဲဖြစ်တယ်။ နောက်တော့ ဂျက် လေ ယာဉ် နဲ့ ဗုံးလာကျဲတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။