25 C
Yangon

ရန်ကုန်အင်းစိန်ပေါက်တာ၀တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ကျော်ဇောဟိန်း အသတ်ခံရ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ပေါက်တော၀တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင် ၊ ရာအိမ်မှူး ကျော်ဇော်ဟိန်း ယမန်နေ့က အသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇန်နဝါရီ ၂၈ နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး ကျော်ဇော်ဟိန်း အသတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။”မနေ့မနက်က အင်းစိန် ပေါက်တောဝ ဒလန်တစ်ယောက်ဖောင်းဒိုင်းခံရတာ။သူက အင်းစိန်ပေါက်တော ဥယျဉ်းလမ်းထဲမာနေတယ်။ နာမည်ကကျော်ဇောဟန်း။ ရေခဲစက်လမ်းကနေ ဥယျဉ်လမ်းကိုလမ်းကူးရင်း ပစ်သတ်ခံရတာ။ လေးချက်နဲ့ကိစ္စပျက်သွားပါတယ်။ အမြဲ သူက စစ်တပ်ပြီးတယ်။ ရဲပြီးတယ်ဆိုပြီး ကြွေး ကြော် နေတဲ့သူ။ အခုကျည်မပြီးဘဲ သေသွားပါတယ်။ စစ်သားတွေ ရောက် လာပြီး ပတ်ဝန်းကျင်က အိမ်တွေကို ဆောင့်ကန်ပြီး ရှာဖွေတာတွေ လုပ်တယ်။ လမ်းသွားလမ်းလာတွေလည်း ရိုက်နှက်ခံရတယ်။ စစ်တပ်က ရိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
Video – Supply

https://youtu.be/t66K8Sf-DCI
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article