25 C
Yangon

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးသေဆုံးပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် အရာရှိများပါ သေဆုံးသူများပါဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများ၏ ပြင်းထန်သော ခုခံစစ်ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၃ ဦးသေဆုံးပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် အရာရှိများပါ ပါဝင်သေဆုံးကြကြောင်း ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က PDF နှင့် KIA ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁၄ ဦးသေဆုံးပြီး စစ်ကြောင်းမှူး၊ ဒုတိယစစ်ကြောင်းမှူးတို့ပါ သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၉ ဆင်း ခမရ ၄၂၁ တပ်ရင်းမှ ဗိုလ်ကြီးစိုးနိုင်လည်း သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article