25 C
Yangon

စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ချေဖျက်နိုင်ရေး စစ်ကောင် စီက ပြိုင်ပွဲနှင့်စျေးပွဲတော်များ အလောတကြီးစီစဉ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ချေဖျက်နိုင်ရေး စစ်ကောင်စီက ပြိုင်ပွဲနှင့်စျေးပွဲတော်များ အလောတကြီးစီစဉ်လာနေကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ စျေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် စစ်တပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်လာကြောင်း ၊ စက်ရုံပိုင်ရှင်များကိုလည်း ထုတ်ကုန်များ စျေးပွဲတော်များတွင် လာရောက်ရောင်းချရန် ဖိအားပေးလာကြောင်း စက်ရုံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ “မနေ့က မြို့နယ် အားကစားကွင်းမှာ စျေးပွဲတော်လုပ်မယ်။ ဇန်နဝါရီ ၃၁ ကနေ ဖေဖော်ဝါရီ ၂ အထိ ။ အဲဒါကို စျေးလာရောင်းပါဆိုပြီး ခေါ်တာ။ ရောင်းကိုရောင်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ အကြောင်းကြားတာ။ မရောင်းရင် အရေးယူမယ့် သဘော။ အဲဒီလိုမျိုးကတော့ ကျနော်တို့အတွက် အဆင်မပြေဘူး။ ပြည်သူနဲ့ ဆန့်ကျင်တဲ့အလုပ် ကျနော်တို့လည်း မလုပ်ချင်ဘူး” ဟု လှိုင်သာယာမှ စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။ အလားတူ မန္တလေးတွင်လည်း ကောက်ကာ ငင်ကာ မြို့တော်ဝန်ဖလား စက်ဘီးပြိုင်ပွဲဟု အမည်တပ်ကာ ပွဲတစ်ခု ကျင်းပရန် ကြေညာလာကြောင်း၊ အသံတိသပိတ်ကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ အချိန်တွင်ပင် ကျင်းပမည်ဟု ကြေညာကြောင်း၊ ဆုကြေးအနေဖြင့် ပထမဆု ၁၅ သိန်းကျပ်၊ ဒုတိယဆု ၁၀ သိန်းကျပ်၊ တတိယဆု ၅ သိန်းကျပ် ၊စတုတ္ထဆု ၃ သိန်းကျပ်၊ အဆင့်(၅)မှ (၁၄)အထိဆု ၂ သိန်းကျပ်စီ၊ ပြိုင်ပွဲမကျင်းပမီ မိနစ် ၃၀ အလိုအထိ စာရင်းသွင်းပါဝင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ “နေပြည်တော်မှာလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ မဖြစ်မနေ ရုံးတက်ရမယ်။ သေမယ့်ရောဂါဖြစ်နေရင်တောင် ရုံးတက်၊ ရုံးမှာ လာသေဆိုပြီး ရုံးအကြီးအကဲတွေက အဲလိုမှာနေတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။အကြမ်းဖက်စစ်ကောင်စီသည် အသံတိတ်သပိတ်တွင်ပါဝင်ပါက ပြည်သူကို ဥပဒေမျိုးစုံ သုံး၍ ဖမ်းဆီးထောင်ချမည်ဟုလည်း ခြိမ်းခြောက်မှုများ လုပ် ဆောင်လျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article