25 C
Yangon

မကွေးတိုင်းတွင် အကျင့်ပျက်ခြစားမှု၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ပြည်သူကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေသော လက်ပံတောင်းအကြမ်းဖက် တရားခံ တိုင်း ဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို

Must read

လူထုရန်သူ(Public Enemy)

===================

By ရန်ကုန်ခေတ်သစ်

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က လူထုအစိုးရ လက်ထဲမှ အာဏာကို လက်နက်ဖြင့် ခြိမ်းခြောက် လုယူပြီးနောက် ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်လျက်ရှိနေသည်။ မင်းအောင်လှိုင်နှင့်စစ်အုပ်စု ခိုင်းစေသမျှ အမိန့်အတိုင်း လိုက်ပါ လုပ်ဆောင်နေသော အရပ်ဘက်နှင့်စစ်ဘက် ဝန်ထမ်းများ၏ နောက်ကြောင်းရာဇဝင်များ၊ အကျင့် ပျက်ခြစားမှုများ နှင့် ၎င်းတို့၏ ပြည်သူအပေါ် ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်သည့်လုပ်ရပ်များကို စုံစမ်း ဖော်ထုတ်ပြီး Public Enemy (လူထုရန်သူ) ကဏ္ဍတွင် အပတ်စဉ်၊ လစဉ် အလျဉ်းသင့်သလို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြသွားပါမည်။ယခုတစ်ပတ် Public Enemy လူထုရန်သူကဏ္ဍတွင် ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သူ၊ အကျင့်ပျက်ခြစားသူ၊ လူမှုရေး ဖောက်ပြန်မှု အကြီး အကျယ် လုပ်နေသူ မကွေးတိုင်းဝန်ကြီး၊ လုံခြုံရေးခေါင်းဆောင် ရဲမှူးကြီး သူရသွင်ကိုကို အကြောင်းများကို ဖော်ပြလိုက်ပါသည်။

ရဲမှူးကြီးသူရသွင်ကိုကို

==============

ရဲမှူးကြီး သွင်ကိုကို ဆိုသည့် အမည်မှာ ပြည်သူလူထုကို အပေါ် နှိပ်စက် သတ်ဖြတ်ခဲ့သည့် အမည်စာရင်း တစ်ခု အဖြစ် သိရှိနေကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင်ဒေသတွင် သံဃာ တော်များအပါအဝင် တရုတ်ကြေးနီစီမံကိန်းကို ငြိမ်း ချမ်းစွာ ကန့်ကွက်နေသည့် ပြည်သူများကို မီးလောင်ဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ် အကြမ်းဖက် အင်အားသုံး နှိမ်နင်းခဲ့သူမှာ ရဲမှူးကြီးသူရ သွင်ကိုကိုပင်ဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းမှု၏ အဓိက ခေါင်းဆောင် ဖြစ်သည်။ ထိုအချိန်က ဒုရဲမှူးကြီး သူရ သွင်ကိုကို အဖြစ်ဖြင့် စစ်ကိုင်းတိုင်းတိုင်း ဒုရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်လည်းဖြစ်သည်။ ၎င်းကျူးလွန်ခဲ့သော လက် ပံတောင်းတောင် ဆန္ဒပြသူများကို အကြမ်းဖက်မှု အတွက် မည်သို့သော အရေးယူမှုမျိုးကိုမှ ခံခဲ့ရခြင်းမရှိခဲ့ပေ။ လက်ရှိတွင် ရဲမှူးကြီး သူရသွင်ကိုကိုသည် မကွေးတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြစ်လည်း ကောင်း၊ မကွေးတိုင်း လုံခြုံရေးခေါင်းဆောင်အဖြစ်လည်း ကောင်း ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တွဲဖက် တာဝန်ထမ်းဆောင်လျက်ရှိနေသည်။ မကွေးတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများ၊ လူငယ်များကို ဖမ်းဆီး သတ်ဖြတ်နေသည့်အဓိက တရားခံတစ်ဦးလည်းဖြစ်သည်။သူရသွင်ကိုကိုသည် သူရဘွဲ့ရ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး တိုက်ပွဲတွင် ကျည်သင့်ဒဏ်ရာရဖြင့် အရပ်ဘက် ရဲတပ်ဖွဲ့သို့ ပြောင်းလာသူဖြစ်သည်။ စကားပြောရိုင်းစိုင်းခြင်း၊ မောက်မာခြင်း၊ လာဘ်ပေးလာဘ်ယူမှုအတွက် ခုံမင်ခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း၊ လိင်စိတ်လွန်ကဲခြင်းများက သူ၏ စရိုက်လက္ခဏာများဖြစ် သည်။ စစ်ဘက်မှ ရဲတပ်ဖွဲ့ဘက်သို့ ပြောင်းလဲချိန်မှစတင်ပြီး ရဲအရာရှိဘဝဖြင့် လာဘ်ပေးလာဘ်ယူမှု များ တောက်လျှောက်ဆိုသလို ကျူးလွန်သူလည်းဖြစ်သည်။တောင်ကြီးခရိုင်တွင် တာဝန်ကျစဉ်က ပင်လောင်းမြို့နယ် ဘိန်းစိုက်တောင်သူများထံမှ လာဘ်ငွေယူခြင်း၊ ရဲတပ်ဖွဲ့သက်သာချောင်ချိရေး ခရိုင်ကြက်ခြံများကို ရောင်းစားပြီး အလွဲသုံးစား လုပ်ခဲ့သူလည်းဖြစ်သည်။ “ပင်လောင်းမြို့နယ် ဘိန်းစိုက်တောင်သူ တွေဆီက လာဘ်ငွေယူလို့ အပြစ်ပေးခံရတယ်။ သူရသွင်ကိုကိုရဲ့ ပါဆင်နယ် ဖိုင်ကို လှန်ကြည့်မယ်ဆိုရင် ခရိုင် ကြက်ခြံကိုရောင်းပြီး ညောင်ရွှေ မြို့နယ်မှာ မြေကွက်ဝယ်တယ်။ အဲဒီမြေကွက်တွေကိုလည်း ရဲတပ်ဖွဲ့ကို တရားဝင်မလွှဲဘဲ ရောင်းစားသွားတာလည်း နောက်ခရိုင်မှူး ဒုရဲမှူးကြီး မြင့်ထူး လက်ထက်မှ သိရတယ်။ ထင်ရှားတဲ့ လာဘ်စားမှုတွေ ကြောင့် ရာထူး တိုး နှေးခဲ့ရသူပေါ့။ ဒါပေမယ့် အခုတော့ မကွေးတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆိုတဲ့ ရာထူးနဲ့ ပြည်သူကို သတ်ဖြတ်နေပြီ” ဟု အကြောင်းသိသူတစ်ဦးက ပြောပါတယ်။ လူမှုရေးဖောက်ပြန်မှုကလည်း စံချိန်တင်လောက်သူဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦးကို မှတ်ပုံတင် နှစ်ခုလုပ်ပေးပြီး ညီမဟု အမည်ခံခိုင်းကာ ပေါင်းသင်းနေထိုင်နေလျက်ရှိသည်။”သူ့မှာ တိတ်တဆိတ်ပေါင်း နေတဲ့ မခင်သက်အေးဆိုတာရှိတယ်။ အဲဒီအမျိုး သမီးက ရန်ကုန်မှာ ခိုးမှုနဲ့ ထောင်ကျဖူးတယ်။ ထောင်ထွက် အမည် မခင်သက်အေး အမည်ကို အသုံးမပြုလိုတဲ့အတွက် ရဲမှူးကြီးက မှတ်ပုံတင် နှစ်ခုလုပ်ပေးထားတယ်။ မခင်သက်အေးအနေနဲ့ မထက်ထက်လွင် ဆိုတဲ့အမည်နဲ့ ၁၃/တကန(နိုင်)၂၄၆၁၁၂ (အဘ) ဦးစိုးငြိမ်း နဲ့ မှတ်ပုံတင်တစ်ခု။ မခင်သက်အေး ၁၂/သကတ (နိုင်)၂၁၂၂၂၃ /အဘ ဦးစိုးငြိမ်း နဲ့ မှတ်ပုံတင် ၁ ခု ။ မှတ်ပုံတင် ၂ ခုကိုင်ထားတယ်။ ညီမလို့ နာမည်ခံထားတယ်” ဟု အကြောင်းသိသူတစ်ဦးက ပြောသည်။ သူရသွင်ကိုကိုက မခင်သက်အေးကို တာမွေတွင် ဖုန်းဆိုင်တစ်ခု ဖွင့်လှစ်ပေးပြီး ရဲတပ်ဖွဲ့ဝင်များကို ယင်းဖုန်းဆိုင်မှ ဖုန်း မဝယ်မနေရ အမိန့်ထုတ် ဝယ်ခိုင်းကြောင်း သိရှိရသည်။ ” ညီမ အမည်ခံတဲ့ တာမွေမှာ Htet ဆိုတဲ့ ဖုန်းHandset ဆိုင်ဖွင့်ထားတယ်။ အဲဒီဆိုင်မှာ ရဲတွေက အရစ်ကျနဲ့ ဖုန်းဝယ်ခိုင်းတယ်။ ရဲတပ်ရင်း၊ ရဲစခန်းတွေကို Htet ဖုန်းဆိုင်က သူ့ ညီမ ဆိုင်လို့ ပြောဖုန်းဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဖုန်းဝယ်ခိုင်းတာတွေကတော့ အရမ်းများတယ်။ ပြောချင်တာက လူမှုရေးဖောက် ပြန်တယ်။ ညီမ အမည်ခံပြီး မှတ်ပုံတင်နှစ်ခု လုပ်ပေးထားတယ်။ ကိုယ်ကျိုးစီးပွားအတွက် တပ်ဖွဲ့ဝင်တွေကို အသုံးချတယ်။ ဒါက အပေါ်ယံလေးတွေပါ။ နောက်ကွယ်မှာ ဒီထက်ကြီးမားတဲ့အကြောင်းအရာတွေ ရှိပါသေးတယ်” ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။အမိန့်အာဏာအသုံးပြု၍ စီးပွားရှာမှုများ၊ ခြိမ်းခြောက် အမှုဖွင့်၍ ငွေကြေးတောင်းခံမှုများစွာကိုလည်း သူရသွင်ကိုကိုက ကျူးလွန်လျက်ရှိသည်။ “မခင်သက်အေးက ရဲမှူးကြီး အာဏာကို သုံးပြီး တာမွေရဲစခန်းမှာ လိမ်လည်အမှုဖွင့်ထားတဲ့ အမှုများစွာလည်းရှိပါတယ်။ အဲဒီလို မမှန်မကန်တိုင်လို့ ဘ၀ပျက်သွားသူတွေလည်း အများကြီးဗျ” ဟု သတင်းရင်းမြစ်က ပြောသည်။ ဆိုးသွမ်းသူ၊ လာဘ်ပေးလာဘ်ယူ အကြီးအကျယ်လုပ်သူ၊ အာဏာ အလွဲသုံးစားသူ စသည်ဖြင့် နာမည်ဆိုးများဖြင့်ကျော်ကြားသော်လည်း သူရသွင်ကိုကိုမှာ စစ်တပ်အတွင်း ချိတ်ဆက်မှုကောင်းသဖြင့် ရာထူးပြုတ်သွားခြင်းမရှိဘဲ ရာထူးအတက်နှေးကာ ရဲမှူးကြီးဘ၀တွင်သာ နေရသည်။ နိုင်ငံတော်အဆင့် လက်ပံတောင်း သပိတ်တွင် သံဃာတော်များကို အကြမ်းဖက် မီးလောင်ဗုံးပစ်၍ ရက်ရက်စက်စက် ပြည်သူကို ပြုကျင့်ကျူးလွန်ခဲ့သော်လည်း သူရရှိခဲ့သော စစ်တပ်မှ သူရဘွဲ့အရှိန်ကြောင့် ရဲရာထူး မပြုတ်သွားခဲ့ပေ။ ယခုလက်ရှိတွင် မကွေးတိုင်းဝန်ကြီး နှင့် လုံခြုံရေးခေါင်းဆောင် ဖြစ်လာချိန်တွင် ပို၍ ရမ်းကား ၊ ရက်စက်၊ ဆိုးသွမ်းလျက်ရှိနေကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်များက ပြောသည်။ ရဲမှူးကြီး သူရသွင်ကိုကိုအကြောင်း ဖွင့်ဟသူ သတင်းရင်းမြစ်က လက်ရှိ တိုင်း ပြည်တွင် မင်းအောင်လှိုင်နှင့်အတူ သူရသွင်ကိုကိုကဲ့သို့သော လူယုတ်မာများ အုပ်ချုပ်နေမှုကို ပြည်သူများကို အသိပေးလိုသည်ဟုဆိုသည်။ “အဓိကကတော့ သူရသွင်ကိုကိုလို လူယုတ်မာတွေ အုပ်ချုပ်နေတာ ပြည်သူသိစေချင်တယ်” ဟု သတင်းရင်းမြစ်က ဖွင့်ဟသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article