38 C
Yangon

ဒီပဲယင်း ငဝဲတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅လုံးနှင့် လယ်ထွန်စက်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ငဝဲတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၅လုံးနဲ့ လယ်ထွန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။” ဒီနေ့ နံနက် ၉နာရီလောက်က ရွာထဲကို ဝင်လာကျတာ ရွာထဲမှာရှိတဲ့ နေအိမ် ၅လုံးကို မီးရှို့ပြီးတော့ လယ်ထွန်စက်တွေကိုလည်း မီးရှို့သွားတယ်။ စပါးတွေလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း စစ်ကြောင်းများ ပြန်လည် ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ဒေသခံပြည်သူများအားလုံး ကျေးရွာတွင်းသို့ ရောက်ရှိခြင်းမရှိသေးကြောင်း သိရသည်။|
Video – Sagaing Scout Network

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article