38 C
Yangon

အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင် ကရင်ပြည်သူလူထုများနှင့်အတူ ကျရာနေရာတွင် အားဖြည့်ပါဝင်မည်ဟု NUG ကတိပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျှက် ကရင်ပြည်သူများအပါအဝင် တနိုင်ငံလုံးအတွက် အရေးကြီးသော အချိန်ကာလတွင် အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းနိုင်မည့် တော်လှန်ရေးအတွင် ကျရာနေရာတွင် အားဖြည့်ပါဝင်မည်ဟု အလေးအနက်ကတိပြုကြောင်း ယနေ့ကျရောက်သည် ၇၃ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့သည်။ကရင်လူမျိုးတို့၏ လွတ်လပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတရေးနှင့် ကရင့်ကြမ္မာ ကရင်ဖန်တီးနိုင်ရေး ငြိမ်းချမ်းစွာ ညှိနှိုင်းတောင်းဆိုခဲ့သော်လည်း အာဏာရှင်များက အကြမ်းဖက်နှိမ်နင်းခဲ့သဖြင့် ခုခံတိုက်ပွဲဝင်ခဲ့သော ကောခိုစောဘဦးကြီးနှင့်တကွ ကျဆုံးသွားသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များ၊ ကရင်ပြည်သူများကို NUG က သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဆိုသည်။အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ကရင်ပြည်နယ်အပြင် ပြည်ထောင်စု တဝှမ်းလုံးရှိ အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းများကို NUG က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အဆိုပါ လုပ်ရပ်များ ချက်ခြင်းရပ်တန့်စေရန်နှင့် တာဝန်ရှိသူများ တာဝန်ယူမှု အပြည့်အဝရှိစေရန် ကြိုးပမ်းသွားမည်ဟု သဝဏ်လွှာတွင် ရေးသားဖော်ပြသည်။စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အပြီးတိုင် ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားညီနောင်အားလုံးနှင့်အတူ တော်လှန်ရေးစိတ်ဓါတ်အပြည့်ဖြင့် လျှောက်လှမ်း ချီတက်သွားမည်ဟု ကတိသစ္စာပြုကြောင်း ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ ပေးပို့သော အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာတွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article