34 C
Yangon

ကနီတွင် PDF တပ်ဖွဲ့များက ပြည်သူများ ဦးဆောင်ပြုလုပ်သည့် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို လုံခြုံရေး ယူပေးကာ လိုက်ပါဝန်းရံ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃  

ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးကာ လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။

” မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း လက်ပိုက်ကြည့်မနေဘဲနဲ့ မိမိတတ်နိုင်ရာ တော်လှန်ရေးအခန်းကဏ္ဍတွေမှာ ဒီထက်ကိုပိုပြီး ပူးပေါင်းပါဝင်ပေးပါ။ အိမ်ထဲမှာနေပြီး ဘာမှမလုပ်ပဲ ဒီမိုကရေစီတောင်းဆိုနေလို့မရနိုင်သလို၊ ၅၀၀၀ လောက်လှူပြီး (၅) သက်စာလောက် လိပ်ပြာလုံတဲ့ ပုံစံနဲ့လဲမနေကြပါနဲ့၊ အောက်ခြေမှာရှိတဲ့ပြည်သူလူဟာ ခေတ်အဆက်ဆက် အာဏာရှင်တွေ လက်ထက်မှာ နင်းပြားဘဝကပဲ ရုန်းကန်နေကြရတာ ဒီနေ့ထိပါ၊ ဒီနေ့တော်လှန်ရေးမှာလည်း အခြေခံလူတန်းစားတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်လွှားပြီး ဆိုးဝါးလှတဲ့ဘဝကိုဖြတ်သန်းနေကြရတာ ပြည်သူလူထု မျက်မြင်ကိုယ်တွေ့ပါ ငွေကြေးရှိ လူတန်းစားများအနေနဲ့  လူ လူချင်း ကိုယ်ချင်းစာပေးကြပါ။ ဦးဏှောက် ညဏ်ရှိရှိ အာဏာရှင်ကိုတော်လှန်ပေးကြပါလို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” ဟု အဆိုပါ ချီတက်ပွဲတွင် ပါဝင်ခဲ့သည့်  မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article