36 C
Yangon

ရန်ကုန်တိုင်းမြို့နယ် ၅ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF က တိုက်ခိုက်ပြီး  စစ်ကောင်စီဝင် ၂ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က  ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း အကြမ်း ဖက် စစ်ကောင်စီနှင့် အပေါင်းအပါများကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ၉ ရက်တွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၅  မြို့နယ်တွင် ပျံလွှားအောင် စစ်ဆေးရေးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီအရောင်းဆိုင် တစ်ခုကိုလည်း ဖောက်ခွဲနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်

=====================

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်း၊ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ် းဖက်စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

တွံတေးမြို့နယ်

===========

တွံတေးမြို့နယ်၊ ထွေ/အုပ်ရုံးအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ Twantay Rangers တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  Twanty Rangers တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

တိုက်ကြီးမြို့နယ်

===========

တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ထိပ်ရှိ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဝင် တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး ကျန် တပ်ဖွဲ့ဝင် လေးဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သုံးခွမြို့နယ်

===========

သုံးခွမြို့နယ်တွင် ပြည်သူများအပေါ် မီတာခအတင်းအကြပ်ကောက်ခံခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ မြို့နယ် EPC ရုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့် တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Thongwa Youth Force-TYF တပ်ဖွဲ့ ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။  

အလုံမြို့နယ်

=============

အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီအရောင်းဆိုင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Special Task Agency of Burma-STA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဆိုင်လုံး မီးလောင်ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ- ရန်ကုန်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ 

Photo- Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article