35 C
Yangon

ကလေးမြို့တွင် နားမကြား မသန်စွမ်း မောင်ရဲရင့်ဇော်ကို အကြမ်းဖက်စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ လျှပ်စစ်ရုံးအနီးတွင် စစ်ဘီးစီးလာသူ အသက် ၂၂ နှစ်အရွယ် နားမကြား မသန်စွမ်း မောင်ရဲရင့်ဇော် (ခ) အာပါပါ ကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ညပိုင်းတွင် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

“သူက ဒီလိုပဲ သွားလာနေတာ၊ အေးအေးဆေးဆေးပဲနေတာ။ ကလေးမြို့ လျှပ်စစ်ဝန်းထဲမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ရဲရင့်ဇော် စက်ဘီးစီးလာတာကို ရပ်ခိုင်းတာ၊ ဖြစ်တာက မနေ့ည ၈ နာရီနဲ့ ၉ နာရီကြားမှာ ဖြစ်တာ။ သူက နားလည်းမကြားဘူး၊ စကားလည်း မပြောတတ်ဘူးဆိုတော့ စစ်သားတွေက ပစ်တာ၊ ကျည်ဆံက ဂျိုင်းကြားကနေ ဖောက်ထွက်သွားတာ၊ ဟိုတလောက လျှပ်စစ်ခရိုင်မှူး အသတ်ခံထားရတော့ စစ်သားတွေက အဲဒီနားမှာ အမြဲအပြည့် လုံခြုံရေးယူထားတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက မောင်ရဲရင့်ဇော်ကို ပစ်သတ်ပြီး အလောင်းကို စစ်တပ်ထဲ ယူဆောင်သွားကြောင်း ယနေ့မှ အလောင်းရပြီး မနက်ဖြန် ဇန်နဝါရီလ ၁၇ ရက်တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ဖြစ်တဲ့ညကတည်းက စစ်သားတွေက အလောင်းကို တပ်ထဲကို ယူသွားတာ၊ အလောင်းကိုလည်း တမံသလင်းမှာ ပစ်ထားတာ၊ သွေးတွေကို အိုင်နေရော” ဟု ဒေသသတင်းရင်းမြစ်က ဆက်ပြောသည်။

မောင်ရဲရင့်ဇော်သည် အသက် ၂၂ နှစ်ခန့် အရွယ်ရှိပြီး အစ်မဖြစ်သူနှင့် နေထိုင်သူဖြစ်ကြောင်း၊ အနေအေးသူတစ်ဦးသာဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article