28 C
Yangon

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မိုးတားလေးကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၆ လုံးခွဲတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် သံပုကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များနှင့် ရွှေကူမှ စုန်ဆင်းလာသော သင်္ဘော ၂ စီးမှ အဖွဲ့တို့ ပေါင်းမိနေစဉ် ယနေ့ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၃၈ တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်း ၆ လုံး ဖောက်ခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

သံပုကုန်းရွာမှ တပ်မ ၈၈ လက်အောက်ခံအဖွဲ့သည် ရွှေကူမှ စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘော ၂ စီးကို လုံခြုံရေးယူပေးထားပြီး ယင်းအဖွဲ့များ ပူးပေါင်းနေချိန်တွင် မြို့လှ PDF တပ်ခွဲ ၂၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 “မိုးတားအောက်ဘက်မှာသူတို့ ရေယာဉ်နှစ်စီး မထွက်ခင်ကတည်းက စကစတွေ ထွက်သွားရင် သံပုရာကုန်းမှာ တပ်စွဲထားတဲ့တပ်တွေနဲ့ မိုးတားမှာတပ်စွဲထားတဲ့ကောင်တွေ ကူးလူးကြမယ်ဆိုတာ ကျွန်တော်တို့သေချာပေါက်သိလို့ စောင့်နေတာ ၁၅ ရက်လောက်ပြီ။ ဒီနေ့ဒီချိန်ကတော့ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းကွင်းထဲကို တည့်တည့်ကြီးဝင်လာကြတာဆိုတော့ အခါကောင်းကိုမိလိုက်တာပါ” ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်ကံက ကသာတော်လှန်ရေးအင်အားစုသို့ ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီ ၂၀ ခန့်တွင် မိုးတားလေးကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

ဓါတ်ပုံ – ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article