30.3 C
Yangon

ရွှေဘိုရှိ မအူပင်ကျေးရွာကို အကြမ်းဖစ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ် ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပေါ်ကျရောက်ကာ မီးလောင်ကျွမ်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရွှေဘိုမြို့ မအူပင်ရွာအနီးတွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီနှင့်  PDF များ တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီက မအူပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအပါအဝင် ပြည်သူများ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောဆိုသည်။ 

“ကျေးရွာနေသူတွေ ထွက်ပြေးချိန် မီးလောင်တာ ၊ အိမ်ဘယ်နှလုံးဆိုတာ အတည်မပြုနိုင်ဘူး။ ရွာကို လက်နက်ကြီးနဲ့ ထုတာ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။ 

အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် အပေါင်းပါ အင်အား ၇၀ ခန့်သည့် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ဒီပဲယင်းရွာဘက်သို့ ချီတက်စဉ် မအူပင်ရွာအနီး မိုင်းမိပြီး အကြမ်းဖက်စစ်ကောင်စီဝင် လေးဦး သေဆုံးခဲ့ပြီး မအူပင်ရွာအနီးတွင် PDF များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

“အပြန်အလှန်ပစ်ခတ်ရင်း စခ လေးဦးသေ၊ PDF ၂ ဦး ဒဏ်ရာ မစိုးရိမ်ရဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။ 

လတ်တလောတွင် တိုက်ပွဲရပ်သွားပြီ ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီဝင်များ မအူပင်ရွာတွင် ရှိနေသည့်အတွက် ကျေးရွာဒေသခံများ ပုန်းရှောင်နေရဆဲ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article