29 C
Yangon

ကော်သူးလေနယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၄၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၃၃၉ ဦး သေဆုံး၊ KNLA ရဲဘော် ၇ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေ ကော်သူးလေနယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲ ၄၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၃၃၉ ဦး သေဆုံးကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၇ ဦး ကျဆုံးကြောင်း မူတြော်ခရိုင် သတင်းရင်းမြစ်ထံမှ သိရှိရသည်။တိုက်ပွဲ ၄၃၅ ကြိမ်တွင် စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၃၃၉ ဦးသေဆုံးကာ၊ ၃၁၃ ဦး ဒဏ်ရာရကြောင်းနှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ သတင်းပြန်ကြားရေး ရင်းမြစ်က ဆိုသည်။မူတြော် (ဖာပွန်) ခရိုင်နှင့် လေးကေ့ကော်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့နှင့် ယာခင်းများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ဓါတ်ပုံ – စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို ၂၀၂၁ ခုနှစ်အတွင်း KNLA တပ်မဟာ ၅ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article