36 C
Yangon

မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာ ပျူစောထီးများက ဈေးသည် ဦးဖိုးထူးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို လမ်းဘေး၌ စွန့်ပစ်

Must read

ရောင်းကုန် အရက်ပုလင်းများ တောင်းယူမှုအပေါ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့၍ စျေးသည် ဦးဖိုးထူးကို အငြိုးအတေးဖြင့် ပျူစောထီးများက သတ်ဖြတ်ခဲ့

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာ ပျူစောထီးများက ဈေးသည် ဦးဖိုးထူးကို ဖမ်းဆီး သတ် ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာထိပ်တွင် ဂိတ်ဖွင့်ထားသော အကြမ်း ဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများက ဒေသအတွင်း လှည့်လည်ဈေးရောင်းချနေသူ အ သက် ၅၀ အရွယ် ဦးဖိုးထူးကို အငြိုးအတေးဖြင့် ဖမ်းဆီးပြီး ရွှေညောင်ပင်ရုံးတွင် ရိုက်နှက်သတ်ဖြတ်ခဲ့ ရာ ဦးဖိုးထူး သေဆုံးသွားကြောင်း၊ ထိုသို့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ရုပ်အလောင်းကို လေးအိမ်တန်းရွာ – ရွှေကျွန်းသာ လမ်းဘေး ချောက်ထဲ၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

“မဖမ်းခင်အရင်ရက်က အဲဒီလေးအိမ်တန်းရွာထိပ်က ပျူတွေက သူဆီမှာပါလာတဲ့ အရက်ဖာထဲ ကနေ အရက်ပုလင်း ၃ လုံးကို နှုတ်ယူလိုက်တယ်၊ အဲဒါကို သူက စကစခန့် အုပ်ကြီး သင်းသင်းဆွေ ဆီသွားတိုင်တာ၊ အုပ်ကြီး က အဲဒီပျူစောထီးတွေကို ဆူလို့ ပျူစောထီးတွေက အငြိုးထားပြီး နောက်ရက်မှာ ဖမ်းပြီး ရိုက်သတ်တာ။ အလောင်းကိုတော့ လေးအိမ်တန်း – ရွှေကျွန်းသာ သွားတဲ့လမ်းဘေးက ချောက် ထဲမှာ ကြိုးတုတ် လျက်နဲ့ထားခဲ့တာ။ ဦးခေါင်းမှာ ဒဏ်ရာတွေ၊ သွေးတွေနဲ့၊ နေ့ခင်း ၂ နာရီ လောက်မှ အလောင်းကို အိမ်ပြန်သယ်ရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

သေဆုံးသူ ဈေးသည် ဦးဖိုးထူးသည် မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ အင်ကြင်းပင်ရွာ၌ နေထိုင်ပြီး ဒေသအတွင်းရှိ ကျေးရွာများကို လှည့်လည်ကာ ဈေးရောင်းချကာ ရိုးသားစွာဖြင့် မိသား စုကို ရှာဖွေကျွေး မွေးနေသူဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article