30 C
Yangon

လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံးစောင့် စစ်တပ်ကို ဗုံးခွဲတိုက်ခိုက်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနှင့်သာကေတတို့တွင် ဗုံးများ ပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံးစောင့် စစ်တပ်ကို ယနေ့ ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန် လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်မှုထမ်းဟောင်းရုံးစောင့်စစ်တပ်ကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖအဖွဲ့ တို့ပူးပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့်ထိထိရောက်ရောက်တိုက်ခိုက်ကြောင်း၊ လုံခြုံရေး စစ်သားများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက မတရားဥပဒေထုတ်ပြီးပြည်သူများကို စစ်မှုမထမ်းမနေရ အားပေးအားမြောက်ပြုနေသောသူအားလုံးကို ထိထိရောက်ရောက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထပ်မံအသိပေးကြောင်း၊ နောက်ထပ်ပစ်မှတ်ကြီးများကိုလည်း မဟာမိတ်များပူးပေါင်းပြီး ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သော နေရာများနှင့်ဝေးဝေး နေထိုင်ပေးကြပါရန် ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

အလားတူ ယနေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနှင့်သာကေတတို့တွင် ဗုံးများ ပေါက်ကွဲပြီး ပစ်ခတ်သံများကြားရကြောင်း၊ လူနာတင်ကားအသံများလည်းကြားရ ကြောင်း ပြည်သူများက ဆိုကြသည်။

“ည ၈ နာရီ ၅၀ မိနစ်တုန်းက အုန်းဆိုတဲ့အသံကြီးကို တောင်ဒဂုံ ၅၃၊ ၅၄၊ ၅၅၊ ၆၅၊ ၆၃ရပ်ကွက် တွေက အတိုင်းသားကြားလိုက်ရတယ်။လူနာတင်ကားသံတွေကိုပါ ၅၃ရပ်ကွက်ကကြားနေရတယ်” ဟု တောင်ဒဂုံမှ ပြည်သူတစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ပြည်သူတစ်ဦးကမူ ဗုံးပေါက်ကွဲသံနှင့်အတူ ပစ်ခတ်သံများ ကြားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ညပိုင်းစစ်ဆေးနေသော အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ညပိုင်းစစ်ဆေးနေသော အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article