25 C
Yangon

စစ်ကိုင်းတိုင်း ကောလင်းမြို့နှင့်ရေဦးမြို့တွင် ပြည်သူများ အသံတိတ် သပိတ်ပါဝင်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက်တွင် လုံခြုံရေး ယူ စစ်ဆေးမှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်သူများ အသံတိတ် သပိတ်တွင် ပါဝင်နေချိန် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့်ရေဦးမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက် လုံခြုံရေးယူ စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကောလင်းမြို့တွင် ကောလင်းပြည်သူကာကွယ်ရေးတပ်(ပကဖ)သည် ကောလင်းမြို့ အရှေ့ဘက်အထွက် တံဇူးတံတားအနီးတွင် ရှောင်တစ်ခင်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချိန် ၂ နာရီအထိ စစ်ဆေးပြီး မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုနှိုက်များ အဓိက ထားစစ်ဆေးကြောင်း ဒေသသတင်းရင်းမြစ် ကောလင်းInfo က သတင်းထုတ်ပြန်ထားသည်။ အလားတူ အာဏာသိမ်းခံရခြင်း တစ်နှစ်ပြည့် ရေဦးမြို့ ကြာပန်းအဝိုင်းတွင် လုံခြုံရေးအရ ရေဦး PDF နှင့် ရေဦးမြို့နယ် ပကဖက စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article