25 C
Yangon

ကရင်နီပြည်ကို ၉၀ ရာခိုင်နှုန်း စိုးမိုးအုပ်ချုပ်ထားနိုင်ပြီး တိုက်ပွဲပေါင်း ၁၁၀ တွင် အကြမ်းဖက်စစ်ကောင်စီ စစ်သား ၄၄၀ ကျော် သေဆုံး၊ KNDF ၂၀ ကျဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် မတရားအာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လမှစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၁၁၀ ဖြစ်ပွားခဲ့ပြီး စစ်သား ၄၄၀ ကျော်ဆုံးကာ ကရင်နီတပ်ဖွဲ့ဘက်မှ ၂၀ ဦး ကျဆုံးခဲ့ကြောင်း၊ ကရင်နီပြည်နယ်ကို လက်ရှိတွင် ၉၀ ရာခိုင်နှုန်းအထိ စိုးမိုးအုပ်ချုပ်ထားနိုင်ဟု KNDF က ယနေ့ ထုတ်ပြန်သည်။KNDF ကို ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းခဲ့ပြီး တပ်ရင်း ၁၈ ရင်း၊ တပ်ဖွဲ့ဝင် အင်အား ၆၂၇၇ ဦးရှိကြေင်း ကရင်နီပြည်နယ်တွင် ကရင်နီတပ်မတော် KA ၏ စစ်ဦးစီးမှုအောက်တွင် မဟာမိတ် PDF တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး တိုက်ပွဲများ ဖော်ဆောင်နေကြောင်း သိရှိရသည်။ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်သွားကြောင်း၊ KNDF တပ်ဖွဲ့များက ပြည်နယ်အဝင်အထွက် လမ်းကြောင်းများ အားလုံးကို ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီက လက်နက်နှင့် ရိက္ခာများကို ထောက်ပို့လေယာဉ်များအသုံးပြု ပို့ဆောင်နေကြောင်း KNDF က ဆိုသည်။ကရင်နီပြည်နယ်တွင် ကျေးရွာပေါင်း ၇၀၀ ကျော်ရှိသည့်အနက် ရွာလုံးကျွတ်စစ်ဘေးရှောင်နေသည့် ကျေးရွာများမှအပ လက်ရှိတွင် ကျေးရွာပေါင်း ၄၀၀ ခန့်တွင် စာသင်ကျောင်းများ၊ ဆေးပေးခန်းများကို ပြည်သူလူထုကိုယ်တိုင် ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။အလားတူ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို မကျေနပ်၍ CDM ပြုလုပ်ကာ ပြည်သူနှင့်ပူးပေါင်းလာသော ရဲတပ်ဖွဲ့ဝင်များရှိကြောင်း၊ ၎င်းတို့ဖြင့် ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် အင်အား ၂၅၀ ဖြစ် ဖွဲ့စည်းထားကြောင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ ရိန်းဂျားကယ်ဆယ်ရေး၊ ထောက်လှမ်းရေး၊ မှုခင်းနှင့် ရုံးအဖွဲ့ဟု ဖွင့်လှစ်ထားကြောင်း သိရသည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် အကြမ်းဖက်စစ်ကောင်စီက ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ ၄၃ ဦးကို လူမဆန်စွာ အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့သည့် အမှုအပါအဝင် အခြားအမှုပေါင်း ၄ မှုကို နိုင်ငံတကာ တရားရုံးတွင် အမှုဖွင့် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ယနေ့ ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article