25 C
Yangon

ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းသည့် နာမည်ကျော်Savoy Hotel Yangon အပြီးပိတ်သိမ်းပြီဟု ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

၁၉၉၅ခုနှစ်မှစတင်ပြီး ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသော ဟိုတယ်အဖြစ် လုပ်ကိုင်လာခဲ့သော နာမည်ကျော် Savoy Hotel Yangon သည် အပြီး ပိတ်သိမ်းပြီဖြစ်ကြောင်း Savoy Hotel Yangon က ယနေ့ တရားဝင်ကြေညာသည်။ မြန်မာနိုင်ငံတွင် ၂၅ နှစ်ကျော်ကြာ လည်ပတ်လုပ်ကိုင်ခဲ့ပြီးနောက် Savoy ကို အပြီးတိုင်ပိတ်တော့မည်ဖြစ်ကြောင်း၊ ဟိုတယ်တွင် လာရောက်တည်းခိုခဲ့သည့် ဧည့်သည်များ၊ စားသောက်ဆိုင်များနှင့် Bar သို့လာရောက်ခဲ့သော ဧည့်သည်များ ၊ ပွဲလမ်းသဘင်များနှင့် ပျော်ရွှင်ဖွယ်အချိန်များအတွက် ကျေးဇူး တင်ပါကြောင်း၊ အနာဂတ်တွင် အားလုံး အဆင်ပြေအကောင်းဆုံး ဖြစ်ပါစေဟု ဆုတောင်းကြောင်း Savoy Hotel ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ Savoy ဟိုတယ်သည် ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ပြီး ရှေး ဟောင်း အမွေအနှစ်ထိန်းသိမ်းမှုဆိုင်ရာများဖြင့် နာမည်ကျော်ကြားသော ဟိုတယ်လည်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ပုဂ္ဂလိကပိုင်အဖြစ် Savoy Hotel Yangon သည် ရှေးဟောင်းအမွေအနှစ်ဆိုင်ခန်းဟိုတယ်တစ်ခုရပ်တည်နာမည်ကျော်ခဲ့ကြောင်း၊ အချိန်ပြည့် ဝန်ထမ်း ၉၅ ဦးရှိကြောင်း၊ ကမာရွတ်မြို့နယ် ဓမ္မစေတီလမ်းပေါ်တွင်ရှိပြီး ရွှေတိဂုံဘုရားနှင့်အနီးစပ်ဆုံးနေရာတွင် တည် ရှိခဲ့သော ဟိုတယ်လည်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article