25 C
Yangon

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကိုအောင်အောင် ယနေ့ညနေပိုင်းတွင် ကွယ်လွန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားဟု စာရေးသားကာ မြို့ခံကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြော သည်။

“အိမ်ကိုတော့ အလောင်းပြန်သယ်လာပြီ။ ဒီနေ့ညနေက ဆုံးပါတယ်။ မိသားစုကတော့ ရင်ကျိုးတာပေါ့” ဟု ကျောက်ပန်းတောင်းအခြေစိုက် K-Media က ပြောသည်။

ကိုအောင်အောင်သည် ယနေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြခဲ့ပြီး နောက် ကွယ်လွန်သွားခြင်းဖြစ်သည်။

စာရွက်ပေါ်တွင် ” ၂၄ နာရီလုံး အများပြည်သူ+သား မီးလင်းပါစေ ။ ၂၀၀၁+၂၀၀၂ ပြန်မသွား” ဟု ရေးသားခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး မိမိကိုယ်ကို မီးရှို့သွားခဲ့သည်။

“ကျောက်ပန်းတောင်း၊ EPC ရုံးနားမှာ သူ့ဟာသူ မီးရှို့တယ်။ စာရွက်ထဲမှာလည်း စစ်အာဏာရှင်ခေတ်ကို ပြန်မသွားဘူးဆိုပြီး ပြောတယ်” ဟု ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မီးရှို့ ဆန္ဒပြကွယ်လွန်သူ ကိုအောင်အောင်သည် ကျောက်ပန်းတောင်းမြို့ပေါ်၊ပြည်တော်သာ၊ ရွှေတန်ဆာလမ်းတွင် နေထိုင်သည့် သံပန်းလုပ်ကိုင်သူဖြစ်သည်။ ကွန်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article