25 C
Yangon

ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲမှုများပြား၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

Must read

By ရန်ကုန်ခေတ်သစ်

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန် နိုင်ငံတစ်ဝန်း စံချိန်တင် ဗုံးပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ များပြားပြီး စစ်ကောင်စီတပ်ဖွဲ့အများအပြားသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ရန်ကုန်ခေတ်သစ်တွက်ချက်မှုများအရ ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲကြောင်း၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း
========

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ လှော်ကား တာဆုံအကျော် လှော်ကားကျေး ရွာ ရဲတပ်ရင်း (၁) ရဲသင်တန်းကျောင်းက၌ ဖေဖော်ဝါရီလ ၁ရက်နေ့ ည ၆နာရီ ၅၀မိနစ်ခန့်တွင် ဗုံး ၂လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်း ရပ်ကွက်ရုံးဘေးတွင် ဖေ ဖော်ဝါရီလ ၁ရက်နေ့ နံနက် ၇နာရီခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ဦးသေဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ် လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီ ၃ဝမိနစ်ခန့်၌ ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမပေါ်ရှိ စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းရှေ့ရှိ လုံခြုံရေး ကင်းတဲကို ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၅နာရီခန့်၌ လှိုင်သာယာ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ(HRDF)က အဝေးထိန်းမိုင်း ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကင်းတဲဗုံးထိမှန် ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိမရှိကို မသိရှိရသေးကြောင်း HRDF တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ည ရပ်ကွက်၊ သုနန္ဒာလမ်း၊ မြစေတီဘုရားဝင်းရှေ့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၂ဝ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ ၉နာရီ ၃ဝမိနစ်ခန့် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

ရန်ကုန်တိုင်း အတွင်းရှိ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ အင်းစိန်၊ ရန်ကင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံနှင့် အရှေ့ဒဂုံ မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ ည ၈နာရီ ကျော်ခန့်တွင် ဗုံးများ ဆက် တိုက် ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ယမုံနာ ၁ ရပ်ကွက် အောင်မေတ္တာလမ်းပေါ်ရှိ Mytel တာဝါတိုင် ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေ ၆ နာရီ ၅၅မိနစ်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးဝင်းအတွင်း ဖေဖော် ဝါရီလ ၁ရက်နေ့ နံနက် ၈နာရီခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊တောင်ဒဂုံမြိုနယ် လဝကရုံးအနီးတွင် ယနေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရုံးအနီးတွင် ယနေ့ ည ၁၀ နာရီ ၇ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်

ဧရာဝတီတိုင်းတွင် ရဲ ၂ ဦးသေဆုံး
===================

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၁ဝ နာရီခန့်အချိန် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် လက် အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မအူပင်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် စတင်ကာ ခရိုင်ရဲတပ်ဖွဲ့လိုင်းခန်း အနီးတွင် ဗုံးပေါက်ကွဲမှုတစ်ခု စတင်ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူအခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။

ထို့သို့ ဗုံးပေါက်ကွဲပြီးနောက် မလက်တိုရဲစခန်းမှ နယ်ထိန်း အောင်စည်မင်း(ခ) ကြည်လွင်ဦး ဆိုသူကို လက်ပံကုန်းကျေးရွာအနီးတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဦးနှောက်ပွင့်ထွက်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ယင်း နယ်ထိန်း ပစ်သတ်ခံရပြီးနောက် မလက်တို ရဲစခန်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ထိခိုက်သေဆုံးသူအခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။

အဆိုပါ ရဲစခန်း ဗုံးပေါက်ကွဲပြီးနောက် တပ်ထောက်ခံပွဲပြုလုပ်ရန် စစ်တက်က အာရုံစိုက်နေစဉ် မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်ဖြစ်သည့် ခေတ္တိယ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ထဲတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ ညပိုင်း၌ ပစ်ခတ်သံများ တိုက်ခိုက် ထွက်ပေါ်နေပြီး မည်သည့်နေရာ၌ ဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မန္တလေးတိုင်း
============

မန္တလေးတိုင်း၊ ၁၂၊ ၇၅၊ ၇၆ လမ်းကြားရှိ ယာဉ်ထိန်းရဲကင်းနှင့် စည်ပင် ဆာဗာပုံးကို ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၆နာရီ ၅ဝမိနစ်၌ Eagle Brothers မြို့ပြပြောက်ကြား၊ YNO Mandalay မြို့ပြပြောက်ကြားနှင့် Ranger Of Mandalay မြို့ပြပြောက်ကြားအဖွဲ့တို့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း အဆိုပါ မြို့ပြပျောက်ကြား တပ်ဖွဲ့များထံမှ သိရသည်။

မန္တလေးတိုင်း သာစည်မြို့နယ် မင်းလှကန်အနီးရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးစခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်း၌ တော်လှန်‌ရေး အင်အားစု ၄ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ တော်လှန်ရေး အင်အားစုများ ထံမှသိရသည်။

ထိုတိုက်ခိုက်မှုကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ တော်လှန်ရေး အင်အားစုများက ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူကာ ပြုလုပ်သည့် တပ်ထောက်ခံပွဲမှ ပြန်လာသူများ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်တပ်က ရမ်းသမ်း ပစ်ခတ်သော ကျည်ဆံ လူ ၁ ဦးကို ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြိုနယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ၈၅ လမ်းရှိ အောင်မြင်သူ စက်သုံးဆီဆိုင်ကို ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်အနောက်ပိုင်း၊ကျပ်ပြင်(ဈေးကျောင်း)အနီးဗုံးပေါက်ကွဲပြီးနောက် ကျပ်ပြင်ရဲစခန်းက ​​သေနတ်များဖြင့်ပစ်ခတ်‌လျက်ရှိကြောင်း သိရှိရသည်။

ကချင်ပြည်နယ်
=========

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းဈေးအနီး ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉နာရီ ၅ဝမိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့အသံတိတ်သပိတ် နေ့တွင် ဖားကန့် မှော်ဝမ်းတွင် ဗုံးပေါက်ကွဲမှု ၁ ကြိမ်၊ ဆိုင်းတောင် (ဆိပ်မူ) အုပ်စုတွင် ဗုံး ၅ ကြိမ် ပေါက်ကွဲကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း
============

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Snake Eyes- PDF (Shwebo) ၊ The Guys Of Burma Revolution Force(GBRF)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်
===========
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ကံသာရပ်ကွက်ခြင်္သေ့နှစ်ကောင်အနီးတွင် ဗုံးပေါက်ကွဲကြာင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article