26 C
Yangon

ရန်ကုန်အလုံမြို့နယ်၊ကွင်းကျောင်းလမ်းရှိ စစ်တပ်ပိုင် Mytel ရုံးခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲပြီး မီး လောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းရှိ စစ်တပ်ပိုင် Mytel ရုံးခန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီဝန်းကျင် အချိန် ဗုံး ၂ လုံးပေါက်ကွဲပြီး မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဗုံးပေါက်သံ နှစ်ချက်ကြားပြီးတော့ မီးတွေ လောင်တာပဲ။ မီးသတ်ကားတွေ ချက်ချင်းရောက်လာတယ်။ ၁၅ မိနစ်လောက်ကြာတော့ မီးငြိမ်းသွားတယ်။ လူထိခိုက်တယ်လို့တော့ မကြားမိဘူး” ဟု အလုံဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၅၉ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း နံနက် ၅ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article