25 C
Yangon

မြသလွန် ဘုရားပေါ်တွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ် ၁ဦးနှင့် ရဲတပ်သား ၁ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ မြသလွန်ဘုရားပေါ်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်ခန့်က ထမနဲပွဲ လုံခြုံရေး ယူနေသည့် မကွေးမြို့ အမှတ် (၂၅) လုံခြုံရေးရဲတပ်ရင်းက ရဲအချင်းချင်း စကားများကျပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲ ၁ဦး ပွဲချင်းပြီးသေဆုံးကာ အဆိုပါရန်ပွဲအား ဝင်ရောက်ဖြန်ဖြေသည့် ဒုရဲအုပ် ၁ဦးပါ ထပ်မံ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘုရားမှာ ထမနဲထိုးပွဲလုပ်တာကို လုံခြုံရေးလာ စောင့်ပေးတဲ့ရဲတွေ မကွေးမြို့ အမှတ် (၂၅) လုံခြုံရေးရဲတပ်ရင်းကကောင်တွေ ရဲ ၂ယောက် စကားများပြီး ဖြစ်ကျတာပြီး ပစ်ကျခတ်ကျတာ ရဲ ၁ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ဝင်ဖြန်ဖြေတဲ့ ဒုရဲအုပ်ကတော့ ဆေးရုံရောက်မှ သေတာလို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဒုရဲအုပ်နှင့် ရဲတပ်သားကို ပစ်ခတ်ခဲ့သော ရဲသည် ထွက်ပြေးခြင်းမရှိဘဲ အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article