25 C
Yangon

မင်းကင်းတွင် ရေလမ်းမှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရှောင်တခင် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၂၀ ဦးကျော် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ချင်တွင်းမြစ်တစ်လျှောက် ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီပိုင် ယမ်း စက်လှေများနှင့် တစ်ဖက်ကမ်းရှိ ပျူဒလန်များ ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် ရှောင်တခင်တိုက်ခိုက် ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ပျူဒလန် ၂၀ ဦးကျော် သေဆုံးသည်ဟု မင်းကင်း PDF က သတင်း ထုတ်ပြန်သည်။

“စကစဘက်က အလောင်းတွေက စက်လှေပေါ်မှာပဲ ပါသွားတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့ ၂၀ လောက်ကျမယ်။ တိုက်ပွဲချိန်ကြာတာရယ်၊ အသုံး ပြုလိုက်တဲ့ အနေအထား အရေအတွက်က နည်းနည်းများတယ်။ နောက် ဟို ဘက်ကမ်းက ပစ်ဖို့အတွက် လက်နက်ကြီးလာဆင်ကြတာ။ ပျူဒလန်က ဟို ဘက်ကမ်းက လက်နက်ကြီးတွေ ပစ်ကူကြတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီ အဖွဲ့ တွေကိုရော ကျွန်တော်တို့က ဒီဘက်က စနိုက်ပါနဲ့ ထောက်တဲ့အခါကျတော့ ပျူဒလန်လည်း ၇ ယောက်လောက် အဲလိုတွေ ကျတယ်” ဟု မင်းကင်း PDFက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များကို ရှောင်တခင်တိုက်ခိုက်နိုင်ရန် မင်းကင်း PDF အနေဖြင့် ၈ ရက်လောက် ကြိုတင်ပြင်ဆင်မှုပြလုပ်ကြောင်း၊ စစ်ကောင်စီ ၏ ယမ်းစက်လှေများ လမ်ခရီးတွင် အတင်အချနှင့် ကြန့်ကြာနေ သည့် အတွက် ယနေ့ နေ့လယ် ၁ နာရီတွင်မှ တိုက်ခိုက်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိ ရှိ ရသည်။

“ပထမပိုင်းမှာ သူတို့ စက်လှေတွေက ကျွန်တော်တို့ ရှိတဲ့ နေရာကို ကြိုပြီး တော့ သတင်းရထားတယ် သူတို့ ဒရစပ်ပစ်လာခဲ့တယ်။ ကျွန်တော်တို့လည်း သူတို့ ပစ်နေတဲ့ အချိန်မှာပဲ ဝင်ပစ်ကြတာ။ ရှောင်တခင်ပေါ့။ သူတို့ လုံးဝကို ပြန်မပစ်နိုင်တော့တဲ့ အနေအထားရောက်သွားတယ်။ စက်လှေတွေ မီး ခိုး လှိမ်နေအောင် မောင်းထွက်သွားတယ်။ အခုဆိုရင် ကျွန်တော်တို့နဲ့ မလှမ်း မကမ်း ရွာတွေလောက်ကို သွားကပ်ရတော့တာပေါ့” ဟု မင်းကင်း PDF က ရန်ကုန်ခေတ်သစ်သို့ တိုက်ပွဲ အခြေအအနေနှင့်ပတ်သက်၍ ရှင်းပြသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် စက်လှေ ချို့ ယွင်း မှုများ ပြန်လည်ပြင်ဆင်ရန် အချိန်ယူရနိုင်သည်ဟု သိရှိရသည်။

ယနေ့တိုက်ပွဲတွင် မင်းကင်း PFD မှ အကျအဆုံး အထိအခိုက် မရှိဘဲ အောင် မြင် စွာဆုတ်ခွာနိုင်ခဲ့သည်။

ဓာတ်ပုံ- စစ်ရေးသင်တန်းတက်နေသော မင်းကင်း PDF တပ်ဖွဲ့များ။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article