25 C
Yangon

ကန့်ဘလူတွင် စစ်တပ်က မန်ကျည်းကုန်းရွာသား ဦးမောင်ညွန့်ကို ခေါင်းဖြတ်သတ်ကာ မီးရှို့ အလောင်းဖျောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပလူသာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မန်ကျည်းကုန်းရွာသား ဦးမောင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်တပ်က တောတွင်းတစ်နေရာ၌ ဦးမောင်ညွန့်ကို ဖမ်းဆီး နှိပ်စက် ခေါင်းဖြတ်သတ်ကာ မီးရှို့ အလောင်းဖျောက်ထားသည်ကို တောတွင်း သွားရောက်ရှာဖွေသူများက တွေ့မြင်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ထိုပလူသာရွာကို စစ်တပ် ဝင်ရောက်ဖမ်းဆီးစဉ်က ပလူသာရွာသား ၅ဦးလည်း ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့၏ မိသားစုဝင်များတွင် PDF တပ်ဖွဲ့ဝင်များ မရှိသောကြောင့် စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီး မန်ကျည်းကုန်းရွာသား ဦးမောင်ညွန့်၏ မိသားစုဝင်များတွင် PDF တပ်ဖွဲ့ဝင် ရှိသည်ဆိုကာ စစ်တပ်က နှိပ်သက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ” စစ်တပ်နဲ့ ပျူစောထီးတွေက ပလူသာရွာသား ၅ဦးနဲ့ မန်ကျည်းကုန်းရွာသား ဦးမောင်ညွန့်ကို ဖမ်းတယ်။ ဖမ်းခံရတဲ့ ပလူသာရွာသားတွေက သူ့ ညီမက PDF ပါလို့ ပြောလို့ ရက်ရက်စက်စက် သတ်လိုက်တာ တခြား ဖမ်းသွားတဲ့ ရွာသားတွေကျတော့ ပြန်လွှတ်ပေးတယ်။ ဦးမောင်ညွန့်က ပလူသာရွာမှာနေတဲ့ မန်ကျည်းကုန်းသားပါ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ယင်းသို့ ဦးမောင်ညွန့်သတ်ဖြတ်ခံရသည့် သတင်းများကြားရသော်လည်း စစ်တပ်က ကင်းပုန်း ဝတ်နေကျနေရာဖြစ်သောကြောင့် ဒေသခံပြည်သူများလည်း ချက်ချင်းသွားရောက် ရှာဖွေနိုင်ခြင်းမရှိဘဲ ဇန်နဝါရီလ ၂၄ရက်နေ့မှ တောကျွမ်းသူများနှင့် သွားရောက်ရှာဖွေခဲ့ပြီး မီးတပိုင်းတစလောင်ထားပြီး ခွေးဆွဲစားထားသော အရိုးများသာ ကျန်တော့သည့် ရုပ်အလောင်းအား တွေ့မြင်ခဲ့ပြီး ဦးညွန့်မောင်၏ လွယ်အိပ်နှင့် ၎င်းစီးသွားသော ဖိနပ်တဖက်ကို တွေ့မြင်မှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article