25 C
Yangon

ချင်းပြည်နယ်တွင် ဇန်နဝါရီလအတွင်း ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲ ၇၁ ဖြစ်ပွား၊ စစ်သား ၁၉၇ ဦး သေဆုံးပြီး ချင်းတပ်သား ၁၈ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃

ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNA၊ CDF၊ PDF တပ်ဖွဲ့များကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တိုက်ပွဲပေါင်း ၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၉၇ ဦး သေဆုံးကာ ချင်းတပ်ဖွဲ့မှ ၁၈ ဦး ကျဆုံးကြောင်း CJDC က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၉၇ ဦးသေဆုံးကာ ၆၈ ဦး ဒဏ်ရာရကြောင်း၊ ချင်းတပ်ဖွဲ့ဘက်မှ ၁၈ ဦး ကျဆုံးကာ ၂၀ ဦး ဒဏ်ရာရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်သူများကို လူမဆန်စွာသတ်ဖြတ်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

မတူပီမြို့နယ်တွင် ၂၉ ကြိမ်ဖြင့် ဇန်နဝါရီလအတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ကာ၊ အဆိုပါ တိုက်ပွဲစာရင်းသည် မြို့တွင်းပစ်ခတ်ခြင်းများနှင့် တိုက်ပွဲငယ်များကို ထည့်သွင်းထားခြင်း မရှိကြောင်း Chinland Joint Defense Committee က ယနေ့ သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article