ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံတမန် နိုလင်ဟေဇာသည် စစ်တပ်နှင့် အာဏာခွဲဝေရန် ညှိနှိုင်းရေး အဆိုပြု ချက်နှင့် လက်ရှိတွင် စစ်တပ်က နိုင်ငံကို ထိန်းချုပ်ထား ဆိုသော ပြောဆို ချက်ကို စင်ကာပူ Channel News Asia သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်း ခန်းတွင် ပြောဆို လိုက်သဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် မြန်မာ Civil Disobedience Movement CDM လှုပ်ရှားမှု ဦးဆောင် အဖွဲ့က တောင်း ဆိုလိုက်သည်။
ကုလသမဂ္ဂ အထူးသံတမန်ရာထူးမှ ဒေါက်တာ နိုလင်ဟေဇာကို နုတ်ထွက် ပေးရန် တောင်းဆိုထားကြောင်း၊ မသိနားမလည်မှုများဖြင့် အလုပ် စတင်ခဲ့ရုံသာမက အမှားကို ဝန်မခံဘဲ သတင်းဌာန၏ “မှားယွင်း သောတင် ပြခြင်း” ဖြစ်သည်ဟု လိမ်ညာခဲ့ကြောင်း၊ မြေပြင်အခြေအနေနှင့် မြန်မာလူမျိုး များ၏ဆန္ဒကို နားမလည်သည့်အတွက် မြန်မာလူထု တစ်စုံတစ်ရာ ရလဒ် ပေးနိုင်မည်မဟုတ်ကြောင်း၊ ကာလရှည်ကြာစွာ ခံစားနေကြရသော ပြည်သူ များ ၏ ဝေဒနာကို ရှည်ကြာအောင် မလုပ်ဆောင်မီ သူမ၏ ပျက်ကွက် မှုများ အတွက် ရာထူးတာဝန်မှ နုတ်ထွက်ရန် CDM လှုပ်ရှားမှုအဖွဲ့က တောင်း ဆိုလိုက်သည်။
အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄၇ ခုကလည်း ကုလသမဂ္ဂ အထူးသံတမန် ရာထူးမှ ဒေါက်တာ နိုလင်ဟေဇာ၏ အာဏာခွဲဝေရေး အဆိုပြုချက်နှင့် စစ်တပ် က ထိန်းချုပ်ထား ဆိုသော မှတ်ချက် ပြောဆိုမှုများကို ရှုတ်ချကြောင်း ကြေ ညာချက် ထုတ်ပြန်သည်။
စင်ကာပူ Channel News Asia နှင့် အင်တာဗျူးတွင် အထူးသံတမန်က လက်ရှိ မြန်မာနိုင်ငံတွင် “အာဏာခွဲဝေမှုပုံစံကို ညှိနှိုင်းရန် လိုအပ်သည်” ပြောဆိုခဲ့ပြီး “ယခုအချိန်အတွင်း စစ်တပ်က ထိန်းချုပ်ထားပြီ” ဟု ပြောဆိုခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နေသူများနှင့် အာဏာ ခွဲဝေပေးရေး သဘောတူညီချက်ဖြင့် တော်လှန်ရေးလှုပ်ရှားမှုများကို အဆုံးသတ်ရန် မလိုအပ်ကြောင်း၊ ကမ္ဘာတဝှမ်းက အာဏာသိမ်းမှုတွေ မအောင်မြင်ခဲ့သလို တော်လှန်မှုတွေလည်း အောင်မြင်ခဲ့ကြောင်း သမိုင်းက ပြသခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။
အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံရှိ အခြေအနေကို နိုင်ငံတကာ ရာဇ၀တ် ခုံရုံး သို့ ချက်ချင်း လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အကြံ ပြုသင့်ပြီး မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် ဆိုးရွားသော ရာဇ၀တ် မှုများကို စုံစမ်း အရေးယူနိုင်ရန် တောင်းဆိုသင့်သည်ဟု အကြံပြုထားသည်။
အထူးသံတမန်၏ “စစ်တပ်သည် ချုပ်ကိုင်ထား” သည်ဟူသော လွဲမှားစွာ အဓိ ပ္ပာယ် ဖွင့်ဆိုမှုသည် အမှန်တရားနှင့် ဝေးကွာနေကြောင်း ထောက်ပြထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer အနေဖြင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် Channel News Asia သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ နိုင်ငံကိစ္စဖြေရှင်းရေး အာဏာခွဲဝေယူရေး Power sharing ကိစ္စ ပြောဆို သုံးနှုန်းခဲ့ခြင်းမရှိကြောင်း အထူးကိုယ်စားလှယ်ရုံးက ယမန်နေ့က ကြေ ညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။