25 C
Yangon

ပုလောတွင် KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံး၊ ရေးတွင်လည်း စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်ကား ၃ စီး ပျက်စီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဆားခဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊ ပုလော PDF နှင့် PRDF တို့က လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီးစစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီများကို သိမ်းဆည်းရမိကြောင်း PDF ပုလော က သတင်းထုတ်ပြန်သည်။

နံနက် ၆ နာရီ ၄၈ မိနစ်တွင် ၁ ကြိမ်၊ နံနက် ၇ နာရီမှ ၈ နာရီကြားတွင် ၁ ကြိမ် KNLA ပူးပေါင်းတပ်ဖွဲ့မှ လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ စစ်ကူများ ထပ်မံဖြည့်တင်းထားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း အောင်သာယာကျေးရွာအနီးတွင် သံဖြူဇရပ်မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၂ ရက် ည ၁၀ နာရီခန့်၌ ရေးမြို့နယ် ဒေသကာကွယ်ရေး ၂ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကား ၃ စီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် စစ်အင်အားဖြည့်တင်းရန်လာရောက်သည့် ယာဉ်များဖြစ်ကြောင်း၊ အောင်သာယာနှင့် လိမ္မောခြံကျေးရွာကြားတွင် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကား ၃ စီး ပျက်စီးကြောင်း၊ စစ်သား သေဆုံးစာရင်းကို မသိရှိရသေးကြောင်း ဒေသကာကွယ်ရေး ၂ ဖွဲ့က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article