25 C
Yangon

အရာတော် မလဲသာနှင့် ကန်ရင်းကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ ရွှေ၊ငွေများ ခိုးယူ လုယက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်ပိုင်း မလဲသာကျေးရွာနှင့် ကန်ရင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် လူချပေးပြီး ကျေးရွာများအတွင်း ဝင်ရောက် စီးနင်းခဲ့ကာ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးပြီး ရွှေ၊ငွေများ ခိုးယူ လုယက်ခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ယင်းကျေးရွာ ၂ရွာကို ဝင်ရောက် စီးနင်းသော အကြမ်းဖက် စစ်တပ်သည် ရွာထဲတွင် တပ်စွဲကာ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“စစ်တပ်က ဘုန်းကြီးကျောင်းမှာ စခန်းချပြီး ရွာ ၂ရွာက ဖမ်းဆီးထားတဲ့ ပြည်သူတွေရဲ့ မိုဘိုင်းဖုန်းကတ်တွေကို ထုတ်ယူပြီူ အကုန်ဖျက်ဆီးတယ်။ ကျေးရွာတွင်း ဖြစ်ပျက်နေသောအခြေအနေကို ပြည်သူတွေက သတင်းပေးပို့လို့ မရခဲ့ဘူး။ အကြမ်းဖက် စစ်တပ်က ရွာထဲမှာ လူမရှိတော့တဲ့ အချိန်မှာ ဆိုင်တွေ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ငွေသားများကို ယူဆောင်သွားတယ်။ မသယ်ဆောင်နိုင်တဲ့ ပစ္စည်းတွေကို အကုန် ဖျက်ဆီးထားခဲ့တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ စစ်တပ် ဖမ်းဆီးထားသူ များထဲမှ နှိပ်စက်ခံရသော ရွာခံ ပြည်သူများလည်းရှိပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article