30 C
Yangon

ဆောမြို့နယ်အတွင်းရှိ ကြံ့ဖွတ်ရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်ရုံးများ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄

မကွေးတိုင်း၊ ဆောမြို့တွင် ယနေ့နံနက် အစောပိုင်း၌ အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်းသိရှိရပြီး ဆောမြို့ရှိ ကြံ့ဖွတ်ရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံးအပါအဝင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပိုင်ဆိုင်သည့် G99 စားသောက်ဆိုင်များ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ Non CDM ဝန်ထမ်းများ အလုပ်လုပ်နေဆဲဖြစ်သည့် ရုံးများ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ရုံးအချို့ပြာကျသွားကာ ရုံးအချို့မှာ ယနေ့နံနက် ၁၀ နာရီခန့်အထိ မီးစွဲလောင်နေဆဲဖြစ်ကြောင်း၊ ဆောမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုများရှိနေသေးကြောင်း သိရှိရသည်။

ဆောမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအနေဖြင့် ဖေဖေါ်ဝါရီလ ၅ ရက် ည ၁၂ နာရီ နောက်ဆုံးထားပြီး ခံဝန်လက်မှတ်ထိုးကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်နှင့် မခိုလှုံပါက နိုင်ငံတော်ပုန်ကန်သစ္စာဖောက် ကြံရာပါ များအဖြစ်သတ်မှတ်ကာ ထိရောက်စွာအရေးယူမည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့၌ သတိပေးထုတ်ပြန်ထားသည်။

ဓါတ်ပုံ – CJ၊ GYV

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article